သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ မြန်မာသံရုံး ဗုံးခွဲဖို့ကြံစည်သူ ဖမ်းမိ


ဂျကာတာရှိ မြန်မာသံရုံး
ဂျကာတာရှိ မြန်မာသံရုံး

အင်ဒိုနီးရှားနိုင်ငံက အစိုးရအဆောက်အအုံတွေနဲ့ မြို့တော်ဂျကာတာက မြန်မာ သံရုံးကို နောက်လမှာတိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖြစ် သံသယရှိသူတဦးကို ဗုံးလုပ်တဲ့ပစ္စည်း အတော်များများနဲ့အတူ ရဲတွေက ဖမ်းဆီး လိုက်တယ်လို့ ရဲဌာနပြောခွင့်ရက ဆိုပါတယ်။ အနောက် Java ဒေသ Majalengka မှာ သံသယ ရှိသူကို သူ့နေအိမ်မှာ ဒီသီတင်းပတ် အစောပိုင်း ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။ အသက် ၂၃ နှစ်အရွယ် Rio Priatna Wibawa ဟာ အစ္စလာမ်မစ် စစ်သွေးကြွအုပ်စု IS တို့ကို ထောက်ခံတဲ့ အင်ဒိုနီးရှားက အုပ်စုဝင် တဦးအဖြစ် ယုံကြည်ရသူဖြစ်ပါတယ်။

ခုဖမ်းဆီးမိတဲ့ ဖောက်ခွဲရေးပစ္စည်း ပမာဏဟာ ၂၀၀၂ ခုနှစ် ဘာလီကျွန်း နိုက်ကလပ် တခုမှာ ဗုံးကွဲလို့ လူ၂၀၂ ဦးသေဆုံး ခဲ့ရတဲ့ ဗုံးထက် နှစ်ဆလောက် အားပြင်းနိုင်တယ်လို့ ဒေသတွင်း သတင်းဌာနကပြောပါတယ်။ ဖမ်းဆီးမိတဲ့အထဲမှာ စာအုပ်တွေ၊ အနက်ရောင် အလံတခု၊ ကျည်ဆံနဲ့ လက်နက်ပေါင်းစုံအပြင် လေသေ နတ်တွေ၊ တောခုတ်ဓားတွေပါ ပါဝင်တယ်လို့ ရဲဌာနပြောခွင့်ရ Boy Rafli Amar က စနေနေ့ သတင်းစာရှင်းလင်း ပွဲမှာပြောပါတယ်။

ဒီလိုတိုက်ခိုက်ဖို့ ဘယ်လို စီစဉ်ထားတာလဲ၊ တကိုယ်တော် လှုပ်ရှားတာလား၊ ကြံရာ ပါတွေ ရှိသလားဆိုတာနဲ့ ဒီလောက်များတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အားလုံးဝယ်ဖို့ ဘယ်က ငွေတွေရခဲ့သလဲ၊ ဘယ်လို စီမံခဲ့သလဲဆိုတာ စုံစမ်းနေတယ်လို့ ပြောခွင့်ရ က ဆိုပါတယ်။ သံသယရှိသူ Wibawa ဟာ စိုက်ပျိုးရေး သိပ္ပံပညာကို တက္ကသိုလ်မှာ သင်ယူခဲ့ပြီး အလုပ်အကိုင် မရှိတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံတဝှမ်း တိုက်ခိုက်ဖို့ ဗုံးလုပ် နည်းကို သူ့ဘာသာ လေ့လာခဲ့တာဖြစ်တယ်လို့ ပြောခွင့်ရ Amar က ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ IS စစ်သွေးကြွတွေရဲ့ ဆက်စပ်နေတဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေ ရတာဖြစ်ပြီး အဆိုးဆုံး တိုက်ခိုက်မှုကတော့ ဂျကာတာမြို့မှာ ဇန်နဝါရီ လက လူ ၄ ဦး သေဆုံးခဲ့ရတဲ့ ဗုံး၊ သေနတ်နဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG