သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာ မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်မှု တရားခံ ထောင်ဒဏ်အပြစ်ပေး


ထောင်ဒဏ်ချမှတ်ခံရသူ Sigit Indrajit
ထောင်ဒဏ်ချမှတ်ခံရသူ Sigit Indrajit
အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုမှာ နောက်ကွယ်က အဓိကကြိုးကိုင်သူ အစ္စလာမ် အစွန်းရောက်တဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၇ နှစ်ခွဲ ဒီကနေ့ ချမှတ်လိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် Sigit Indrajit ဆိုသူ အင်ဒိုနီးရှားလူငယ်က မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေပေါ် ဖိနှိပ်နေတာတွေကို လက်တုံ့ပြန်ဖို့အတွင်း မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ရတာဖြစ်ကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုခဲ့ပါတယ်။

Sigit Indrajit ဟာ အကြမ်းဖက်မှု ဥပဒေအရ သက်သေခိုင်လုံတဲ့အတွက် သူ့ကို ထောင်ဒဏ် ချမှတ်လိုက်ကြောင်း ဂျကာတာမြို့ တောင်ပိုင်းခရိုင် တရားသူကြီး Haryono က အမိန့်ချမှတ်လိုက်တာပါ။

သူတို့ဟာ၂၀၁၃ မေလတုန်းက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့ပြီး ဗုံးမထောင်ခင် နာရီပိုင်းအလိုမှာ Indrajit နဲ့ ၆ ဦးကို ဖမ်းဆီးခဲ့တာပါ။ ဆိုင်ကယ်နဲ့ မြန်မာသံရုံးဘက် သွားနေတဲ့ သူတို့ကို ဖမ်းမိချိန်မှာ သူတို့နဲ့အတူ လက်လုပ်ဗုံးတွေကို သိမ်းဆည်းမိခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ Indrajit ဟာ တတိယမြောက် ထောင်ဒဏ်ကျခံရသူဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ ရန်သူတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ တရားရုံးအမိန့်ချအပြီး သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG