သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာ၀ ဒဏ်ခံနိုင်မယ့် မျိုးစေ့များ


Seeds from crops like these wild bananas from China can be bred to create new climate-adapting varieties.
Seeds from crops like these wild bananas from China can be bred to create new climate-adapting varieties.

ကမ္ဘာ့ရာသီဥတု ဖေါက်ပြန်မှုတွေကြောင့် စားနပ်ရိက္ခာ အခက်အခဲ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အီတလီနိုင်ငံ ရောမအခြေစိုက် ကမ္ဘာ့ကောက်ပဲသီးနှံ မျိုးကွဲများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကြီး Global Crop Diversity Trust က စမ်းသပ်လေ့လာ နေပါတယ်။

အခုထွန်ယက်စိုက်ပျိုးနေကြတဲ့ ကောက်ပဲသီးနှံတွေထဲက လူတွေ အဓိကစားသုံးနေတဲ့ ဂျုံတို့ ဆန်တို့ ပဲတို့ရဲ့ မျိုးရိုးဗီဖတွေကို သူတို့ရဲ့ တောရိုင်းမျိုးနွယ်တွေမှာ တွေ့နိုင်တယ်လို့ အဖွဲ့ အမှုဆောင် ဒါရိုက်တာ ကယ်ရီဖေါင်လာ ကပြောပါတယ်။

အခု ကမ္ဘာမှာ ကြုံတွေ့လာနေတဲ့ ဆိုးဝါးတဲ့ သဘာဝပတ်ဝန်းကျင်တွေနဲ့ လိုက်လျော ညီထွေ ဖြစ်လာစေမယ့် ကောက်ပဲသီးနှံတွေကို ရဖို့၊ လက်ရှိစိုက်ပျိုးနေတဲ့ မျိုးတွေကို သူတို့ရဲ့ တောရိုင်းမျိုးနွယ်တွေမှာ မျိုးဖေါက်စမ်းသပ် တာတွေ အားလုံးကဝိုင်းပြီး လုပ်ကြဖို့ လည်းတိုက်တွန်းပါတယ်။

XS
SM
MD
LG