သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနဲ့ ဆက်ဆံရေးကောင်းဖို့ တရုတ်ကြိုးစား 


FILE PHOTO: Chinese Foreign Minister Wang Yi
FILE PHOTO: Chinese Foreign Minister Wang Yi

အရှေ့တောင်အာရှဒေသတွင်းမှာ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတာနဲ့အတူဘဲ ဒီသီတင်းပတ်အတွင်း စင်္ကာပူ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သွားရောက်မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အရင် နိုင်ငံခြားရေးဝန်ကြီး Qin Gang ကို အကြောင်းပြချက်မထုတ်ပြန်ဘဲ ပြီးခဲ့တဲ့လက ရာထူးကဖယ်ရှားခဲ့ပြီးနောက်မှာ နိုင်ငံခြားရေးဝန်ကြီးတာဝန် ပြန်လည် ရရှိခဲ့တဲ့ Wang Yi က ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ အရှေ့တောင် အာရှသုံးနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ဒီခရီးစဉ်ကနေ အရှေ့တောင်အာရှသုံးနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေဖို့မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။

တရုတ်ထံက ရင်းနှီးမြှုပ်နှံမှုအများအပြားလက်ခံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ရဲ့လက်ထက်မှာ ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှဒေသတွင်း တရုတ်ရဲ့ အခိုင်မာဆုံးမဟာမိတ်တနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်ရဲ့ ငွေကြေးအရင်းအနှီးစီးဝင်မှုနဲ့အတူ ပြဿနာတွေလည်းပါလာခဲ့တာပါ။ ဒီထဲမှာ ကာစီနိုတွေ၊ နောက် နိုင်ငံခြားသားလုပ်သားတွေကိုခိုင်းစေတဲ့ အွန်လိုင်းပေါ်က လိမ်လည်တဲ့လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ အရှေ့တောင်အာရှနဲ့ တရုတ်ရဲ့ဆက်ဆံရေးကတော့ ရှုပ်ထွေးနေပါတယ်။

အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့မလေးရှားတို့က တောင်တရုတ်ပင်လယ်ပြင် အတွင်း ဒေသတချို့ကို သူတို့ပိုင်ဆိုင်ကြောင်း အငြင်းပွားနေပေမဲ့ အဲဒီ ဒေသ အများစုကို တရုတ်က သူတို့ပိုင်အဖြစ် တဖက်သတ်ကြေညာထိန်းချုပ်နေတာကြောင့် ဖြစ်ပါတယ်။ ရေပြင်ပိုင်နက်ဆိုင်ရာအငြင်းပွားမှုကြောင့် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံထဲက နိုင်ငံတချို့က တရုတ်အစိုးရကို ဆန့်ကျင်ကြသလို တရုတ်ဘက်က ပိုပြီးအတင့်ရဲလာတယ်ဆိုပြီး အမေရိကန်ရဲ့ ဆန့်ကျင်မှုကိုလည်း ပိုပြီး စာနာလာကြပါတယ်။ တခြားနိုင်ငံတွေကတော့ တရုတ် အစိုးရကို ထောက်ခံကြပါတယ်။

အာဆီယံနဲ့ ဆက်ဆံရေးကောင်းဖို့ တရုတ်ကြိုးစား
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG