သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကိုယ္စားလွယ္ ေရွ႕လုပ္ငန္းသံုးခု ခ်ျပ 


လသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၊ ကေမၻာဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sakhonn (ဓာတ္ပံု-ASEAN Cambodia 2022)

[[Zawgyi/Unicode]]

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၊ ကေမၻာဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sakhonn တို႔ ဒီကေန႔ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာမွာ အာဆီယံကိုယ္စားလွယ္ ဘက္က ေရွ႕လုပ္ငန္းစဥ္ (၃) ရပ္ကို တင္ျပခဲ့ေၾကာင္း ကေမၻာဒီးယား နိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

အဲဒီ ေရွ႕လုပ္ငန္းစဥ္ (၃) ရပ္ကေတာ့ (၁) - ျမန္မာႏိုင္ငံကို စားနာမႈဆိုင္ရာ အကူအညီေပးႏိုင္ေရးအတြက္ သက္ဆိုင္သူေတြ ပါဝင္တဲ့ ညႇိႏႈိင္းေဆြးေႏြးပြဲ ေမလထဲမွာ က်င္းပေရး၊ နံပါတ္ (၂) အေနနဲ႔ - ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ Video ကတဆင့္ ေတြ႔ဆုံ ေဆြးေႏြးေရးနဲ႔ နံပါတ္ (၃) အခ်က္အေနနဲ႔ အာဆီယံကိုယ္စားလွယ္အေနနဲ႔ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္ သြားေရာက္ေရးတို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံ ပဋိပကၡေျပလည္ေရး အခက္အခဲေတြၾကားက လမ္းေၾကာင္းပြင့္ႏိုင္ေအာင္ အာဆီယံအလွည့္က်ဥကၠဌ တာ၀န္ယူထားတဲ့ ကေမၻာဒီးယားႏိုင္ငံနဲ႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ရဲ႕ ႀကိဳးပမ္း အားထုတ္မႈကို အသိအမွတ္ျပဳပါေၾကာင္း ကုလသမဂၢ အထူးကိုယ္စားလွယ္ Noeleen Heyzer က ေျပာပါတယ္။

ေတြ႔ဆုံမႈအတြင္း အာဆီယံကိုယ္စားလွယ္ Prak Sakhonn ျမန္မာႏိုင္ငံကို မတ္လ ၂၁ ရက္ကေန ၂၃ ရက္ေန႔အထိ သြားေရာက္ၿပီး ေဆြးေႏြးခဲ့တဲ့ အဓိက အေၾကာင္းအရာ ၃ ခ်က္ျဖစ္တဲ့ - အၾကမ္းဖက္မႈေတြ ရပ္တန္႔ေရး၊ စာနာမႈဆိုင္ရာအကူအညီေတြ ျဖန္႔ခ်ိႏိုင္ေရး၊ ယုံၾကည္မႈတည္ေဆာက္ၿပီး ပဋိပကၡမွာ ပါ၀င္သူေတြအားလုံးအၾကား အျပဳသေဘာေဆာင္တဲ့ ေတြ႔ဆုံ ေဆြးေႏြးမႈေတြ ျဖစ္ေပၚလာေရး စတဲ့ အေၾကာင္းအရာေတြကို Noeleen Heyzer ထံ တင္ျပခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စာမႈဆိုင္ရာ အကူအညီေတြ ေခ်ာေမြ႕စြာ ေပးပို႔နိုင္ေရးအတြက္ Humanitarian Corridor လို႔ေခၚတဲ့ စာနာမႈအကူအညီေပးေရး လမ္းေၾကာင္း ထားရွိသြားေရးကိစၥကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အာဆီယံနဲ႔ ကုုလသမဂၢအထူးကိုယ္စားလွယ္တို႔ရဲ႕ ဒီေတြ႕ဆုံမႈအတြင္း ျမန္မာ့အေရးမွာ ကုလသမဂၢနဲ႔ အာဆီယံအၾကား နီးကပ္စြာ ပူးေပါင္း ေဆာင္ရြက္ေရးအပါအဝင္ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္အေပၚ အေျခခံၿပီး ေရွ႕ဆက္ လုပ္ေဆာင္ၾကဖို႔ ႏွစ္ဘက္ သေဘာတူၾကတယ္လို႔လည္း ကေမၻာဒီးယားႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ သူတို႔ ၂ ဦး မႏွစ္ ဒီဇင္ဘာ ၃၁ ရက္ေန႔က ေတြ႕ဆုံၿပီးတဲ့ေနာက္ ဒုတိယအႀကိမ္ေျမာက္ ေတြ႕ဆုံျခင္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အာဆီယံ အထူးကိုယ်စားလှယ် ရှေ့လုပ်ငန်းသုံးခု ချပြ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sakhonn တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ အာဆီယံကိုယ်စားလှယ် ဘက်က ရှေ့လုပ်ငန်းစဉ် (၃) ရပ်ကို တင်ပြခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ရှေ့လုပ်ငန်းစဉ် (၃) ရပ်ကတော့ (၁) - မြန်မာနိုင်ငံကို စားနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ မေလထဲမှာ ကျင်းပရေး၊ နံပါတ် (၂) အနေနဲ့ - ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ Video ကတဆင့် တွေ့ဆုံ ဆွေးနွေးရေးနဲ့ နံပါတ် (၃) အချက်အနေနဲ့ အာဆီယံကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပဋိပက္ခပြေလည်ရေး အခက်အခဲတွေကြားက လမ်းကြောင်းပွင့်နိုင်အောင် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ရဲ့ ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုပါကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer က ပြောပါတယ်။

တွေ့ဆုံမှုအတွင်း အာဆီယံကိုယ်စားလှယ် Prak Sakhonn မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ သွားရောက်ပြီး ဆွေးနွေးခဲ့တဲ့ အဓိက အကြောင်းအရာ ၃ ချက်ဖြစ်တဲ့ - အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ စာနာမှုဆိုင်ရာအကူအညီတွေ ဖြန့်ချိနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ပြီး ပဋိပက္ခမှာ ပါဝင်သူတွေအားလုံးအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး စတဲ့ အကြောင်းအရာတွေကို Noeleen Heyzer ထံ တင်ပြခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စာမှုဆိုင်ရာ အကူအညီတွေ ချောမွေ့စွာ ပေးပို့နိုင်ရေးအတွက် Humanitarian Corridor လို့ခေါ်တဲ့ စာနာမှုအကူအညီပေးရေး လမ်းကြောင်း ထားရှိသွားရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ရဲ့ ဒီတွေ့ဆုံမှုအတွင်း မြန်မာ့အရေးမှာ ကုလသမဂ္ဂနဲ့ အာဆီယံအကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်အပေါ် အခြေခံပြီး ရှေ့ဆက် လုပ်ဆောင်ကြဖို့ နှစ်ဘက် သဘောတူကြတယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သူတို့ ၂ ဦး မနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။
=============

XS
SM
MD
LG