သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလသမဂၢနဲ႔ အာဆီယံ ကူညီႏိုင္မယ့္ အလားအလာ 


လသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၊ ကေမၻာဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sakhonn (ဓာတ္ပံု-ASEAN Cambodia 2022)

ျမန္မာႏုိင္ငံ ပဋိပကၡေတြ ကူညီေျဖရွင္းေရးမွာ အာဆီယံနဲ႔ ကုလသမဂၢ ဘုံသေဘာတူညီခ်က္၅ ရပ္ကုိအေျခခံၿပီး ပူးေပါင္းေဆာင္ရြက္သြားမယ္ဆုိေပမယ့္အၾကမ္းဖက္မွုေတြ ေလ်ာ့ခ်ႏုိင္ေရး သိပ္ၿပီး ေမွ်ာ္လင့္ႏုိင္တဲ့ အေနအထားမရွိဘူးလုိ႔ သုေတသီတခ်ိဳ႔ က ေျပာပါတယ္။ ဒီအေၾကာင္း ကုိေဇာ္မုိးေက်ာ္ကတင္ျပေပးပါမယ္။

ျမန္မာ့အေရး ကုလသမဂၢနဲ႔ အာဆီယံ ကူညီႏိုင္မယ့္ အလားအလာ

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံက ပဋိပကၡေတြ ကူညီေျဖရွင္းေရးမွာ အာဆီယံနဲ႔ ကုလသမဂၢတုိ႔ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကုိအေျခခံၿပီး ပူးေပါင္းေဆာင္ရြက္သြားမယ္ဆုိေပမယ့္ ျမန္မာႏုိင္ငံက အၾကမ္းဖက္မွုေတြ ေလ်ာ့ခ်ႏုိင္ေရး နဲ႔ ပတ္သက္လုိ႔ေတာ့ သိပ္ၿပီး အေကာင္းျမင္ နဲ႔ ေမွ်ာ္လင့္ႏုိင္တဲ့ အေနအထားမရွိဘူးလုိ႔ သုေတသီတခ်ိဳ႔ က ေျပာပါတယ္။ ဒီအေၾကာင္း ကုိေဇာ္မုိးေက်ာ္ကတင္ျပေပးပါမယ္။

ၿပီးခဲ့တဲ့ရက္ပုိင္းက ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ အထူးကုိယ္စားလွယ္ Noeleen Heyzer နဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ ကေမၻာဒီးယားႏုိင္ငံျခားေရး၀န္ႀကီးတုိ့ ကေမၻာဒီးယားႏုိင္ငံ ဖႏြမ္းပင္ၿမိဳ့ေတာ္မွာ ေတြ့ဆုံခဲ့ၿပီး ျမန္မာႏုိင္ငံ ျပႆနာ ကူညီေျဖရွင္းေပးႏုိင္ဖုိ႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ လူသားျခင္းစာနာမွုအကူအညီေပးေရးနဲ႔ ၊ လူသားျခင္းစာနာမွုအကူညီေပးေရး လမ္းေၾကာင္းေတြပြင့္လာဖုိ ကိစၥအေရးႀကီးေၾကာင္း ေဆြးေႏြးခဲ့သလုိ၊ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရက္ကုိအေျခခံၿပီး ကုလသမဂၢနဲ႔ အာဆီယံ ပူးေပါင္းေဆာင္ရြက္ဖုိ႔ ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ကေမၻာဒီးယားႏုိင္ငံျခားေရး၀န္ႀကီးဌာနက မတ္လ ၃၁ ရက္ေန့ မွာထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံအေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚ အေျခခံၿပီးပူးေပါင္း ေဆာင္ရြက္မယ္ဆုိေပမယ့္လည္း တကယ္တမ္းမွာ အဲဒိအခ်က္ ၅ ခ်က္ထဲက လူသားျခင္း စာနာမွုဆုိင္ရာ အကူအညီေပးေရးဆုိတဲ့ ကိစၥရပ္တခုေလာက္ကုိဘဲ အားလုံး ပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ အေနအထားရွိေနတယ္လုိ႔ ကေမၻာဒီးယား ႏုိင္ငံတကာ ဆက္ဆံေရး သုေတသနဌာန အဖဲြ့ႀကီးရဲ့ ညြန္ၾကားေရးမွုး Kin Phea က VOA ကေမၻာဒီးယားဌာနကုိ ေသာၾကာေန႔ ကေျပာဆုိခဲ့ပါတယ္။

ဘုံသေဘာတူညီခ်က္ ၅ ရပ္ထဲမွာပါ၀င္တဲ့ ပဋိပကၡအတြင္းပါ၀င္တဲ့ အဖဲြ့အသီးသီး ေတြ့ဆုံေဆြးေႏြးေရး နဲ့ အၾကမ္းဖက္မွုေတြ ရပ္ဆုိင္းေရးကိစၥ နဲ႔ ပတ္သက္လုိ႔ Kim Phea ကခုလုိ ဆက္လက္ေျပာဆုိပါတယ္။

“ပဋိပကၡအတြင္း ပါ၀င္ေနတဲ့ အဖဲြ့အသီးသီး ေတြ့ဆုံေဆြးေႏြးေရးျဖစ္ဖုိ႔ အၾကမ္းဖက္မွုေတြ ရပ္ဆုိင္းႏုိင္ဖုိ ဆုိတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အခုေနာက္ဆုံးအေျခအေနေတြ အရဆုိရင္ေတာ့၊ က်ေနာ္အေနနဲ႔ အေကာင္းျမင္ ေမွ်ာ္လင့္ႏုိင္တဲ့ အေနအထားမရွိဘူးလုိ႔ေျပာခ်င္ပါတယ္၊ ဘာျဖစ္လုိလဲဆုိေတာ့ ျမန္မာစစ္ေကာင္စီဟာ ႏုိင္ငံေရးအရ ေတြ့ဆုံ ေဆြးေႏြးမွုမလုပ္ဘူးဆုိတဲ့ သေဘာကုိဘဲေတြ့ေနရလုိ့ပါ။”

ကေမၻာဒီးယားႏုိင္ငံေရးသုေတသီတဦးျဖစ္တဲ့ Seng Sary ကေတာ့ အားလုံးပါ၀င္တဲ့ ေတြ့ဆုံေဆြးေႏြးေရးျဖစ္ရင္အက်ိဳးရွိႏုိင္မယ္လုိ႔ ျမင္ပါတယ္။ အထူးသျဖင့္ေတာ့ လူသားျခင္း စာနာမွုအကူအညီေတြအတြက္ အက်ိဳးရွိႏုိင္ပါတယ္။ ဒါ့အျပင္ ျမန္မာ့အေရးပါ၀င္ ကူညီေဆာင္ရြက္ေနတဲ့ အဖဲြ့အစည္းေတြအေနနဲ ျမန္မာႏုိင္ငံ ျပႆနာအတြက္ တကယ့္ အေျဖမွန္ကုိ ျမန္ျမန္ဆန္ဆန္ရွာေဖြႏုိင္ဖုိ႔နဲ႔ လက္ရွိျမန္မာ့အေရးေဆာင္ရြက္ေနတဲ့ ယႏၱယားထက္ ပုိမုိထိေရာက္တဲ့ ယႏၱယားတခုကုိ ဖန္တီးဖုိ႔ လုိမယ္လုိ႔ ျမင္ပါတယ္။

ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရဲ႔ အထူးကုိယ္စားလွယ္ Noleen Heyzer ကေမၻာဒီးယားကုိ သြားေရာက္ၿပီး၊ Asean ဥကၠဌနဲ႔ အာဆီယံ အထူးကုိကိုယ္စားလွယ္ ကေမၻာဒီးယားႏုိင္ငံျခားေရး၀န္ႀကီးနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လက္ေထာက္ ေျပာခြင့္ရ Farhan Haq ကေသာၾကာေန႔က နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္မွ ာသတင္းေထာက္ေတြကုိ အခုလုိေျပာဆုိခဲ့ပါတယ္။

“ ျမန္မာႏုိင္ငံအႏွံ ဗုံးႀကဲ တုိက္ခုိက္မွုေတြအပါအ၀င္အျခားျပင္းထန္တဲ့တုိက္ခုိက္မွုေတြေၾကာင့္၊ သန္းနဲ့ခ်ီတဲ့ျပည္ သူေတြဟာေဘးအႏၱရယ္အမ်ိဳးမ်ိဳးကုိရင္ဆုိင္ေနရၿပီး၊သူတုိ့အသက္ရွင္ ႏုိင္ဖုိ့ကုိရုန္းကန္ ေနၾကရတဲ့ အခ်ိန္မွာပဲ အထူးကုိယ္စားလွယ္ အခုခရီးစဥ္ကို စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ ။”

ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ ကေမၻာဒီယားႏုိင္ငံျခားေရး၀န္ႀကီး Prak Sokhonn ဖရပ္ ဆြတ္ဟြန္ ကေတာ့ “ျမန္မာႏုိင္ငံမွာရွိတဲ့ႏုိင္ငံေရး အင္အားစုအားလုံးဟာ ေတြ႔ဆုံေဆြးေႏြး စကားေျပာဖုိ့ အဆင္သင့္မျဖစ္ၾကေသးပါဘူး။ သူတုိ့ယုံျကည္တဲ့အတုိင္း ဆက္လက္လုပ္ေဆာင္ၾကဖုိ႔ အခုိင္အမာဆုံးျဖတ္ထားၾကပါတယ္။ အထူးသျဖင့္ေတာ့ လက္နက္ကုိင္နည္းလမ္းဘဲျဖစ္ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ စိတ္ထဲမွာ၊ ျမန္မာ့လူ႔အဖဲြ႔အစည္းမွာ ျမန္မာႏုိင္ငံမွာ နက္နက္ရွိုင္းရွိုင္း အျမစ္တြယ္ေနတဲ့ ျပႆနာကုိ အလ်င္အျမန္ ေျဖရွင္းလုိ႔ေတာ့မရႏုိင္ပါဘူးလုိ့” ေျပာဆုိခဲ့ေၾကာင္း ျမန္မာ ႏုိင္ငံဆုိင္ရာ ကုလသမဂၢ အတြင္းေရးမွုးခ်ဳပ္ရဲ႔ ကုိယ္စားလွယ္နဲ႔ ေတြ့ဆုံေဆြးေႏြးခဲ့အၿပီး ကေမၻာဒီးယားႏုိင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

မြန်မာ့အရေး ကုလသမဂ္ဂနဲ့ အာဆီယံ ကူညီနိုင်မယ့် အလားအလာ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံက ပဋိပက္ခတွေ ကူညီဖြေရှင်းရေးမှာ အာဆီယံနဲ့ ကုလသမဂ္ဂတို့ ဘုံသဘောတူညီချက် ၅ ရပ်ကိုအခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပေမယ့် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ လျော့ချနိုင်ရေး နဲ့ ပတ်သက်လို့တော့ သိပ်ပြီး အကောင်းမြင် နဲ့ မျှော်လင့်နိုင်တဲ့ အနေအထားမရှိဘူးလို့ သုတေသီတချို့ က ပြောပါတယ်။ ဒီအကြောင်း ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပြဿနာ ကူညီဖြေရှင်းပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ လူသားခြင်းစာနာမှုအကူအညီပေးရေးနဲ့ ၊ လူသားခြင်းစာနာမှုအကူညီပေးရေး လမ်းကြောင်းတွေပွင့်လာဖို ကိစ္စအရေးကြီးကြောင်း ဆွေးနွေးခဲ့သလို၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်ကိုအခြေခံပြီး ကုလသမဂ္ဂနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်နေ့ မှာထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံပြီးပူးပေါင်း ဆောင်ရွက်မယ်ဆိုပေမယ့်လည်း တကယ်တမ်းမှာ အဲဒိအချက် ၅ ချက်ထဲက လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုတဲ့ ကိစ္စရပ်တခုလောက်ကိုဘဲ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားရှိနေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန အဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှုး Kin Phea က VOA ကမ္ဘောဒီးယားဌာနကို သောကြာနေ့ ကပြောဆိုခဲ့ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပါဝင်တဲ့ ပဋိပက္ခအတွင်းပါဝင်တဲ့ အဖွဲ့အသီးသီး တွေ့ဆုံဆွေးနွေးရေး နဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးကိစ္စ နဲ့ ပတ်သက်လို့ Kim Phea ကခုလို ဆက်လက်ပြောဆိုပါတယ်။

“ပဋိပက္ခအတွင်း ပါဝင်နေတဲ့ အဖွဲ့အသီးသီး တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းနိုင်ဖို ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုနောက်ဆုံးအခြေအနေတွေ အရဆိုရင်တော့၊ ကျနော်အနေနဲ့ အကောင်းမြင် မျှော်လင့်နိုင်တဲ့ အနေအထားမရှိဘူးလို့ပြောချင်ပါတယ်၊ ဘာဖြစ်လိုလဲဆိုတော့ မြန်မာစစ်ကောင်စီဟာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုမလုပ်ဘူးဆိုတဲ့ သဘောကိုဘဲတွေ့နေရလို့ပါ။”

ကမ္ဘောဒီးယားနိုင်ငံရေးသုတေသီတဦးဖြစ်တဲ့ Seng Sary ကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ရင်အကျိုးရှိနိုင်မယ်လို့ မြင်ပါတယ်။ အထူးသဖြင့်တော့ လူသားခြင်း စာနာမှုအကူအညီတွေအတွက် အကျိုးရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးပါဝင် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ မြန်မာနိုင်ငံ ပြဿနာအတွက် တကယ့် အဖြေမှန်ကို မြန်မြန်ဆန်ဆန်ရှာဖွေနိုင်ဖို့နဲ့ လက်ရှိမြန်မာ့အရေးဆောင်ရွက်နေတဲ့ ယန္တယားထက် ပိုမိုထိရောက်တဲ့ ယန္တယားတခုကို ဖန်တီးဖို့ လိုမယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noleen Heyzer ကမ္ဘောဒီးယားကို သွားရောက်ပြီး၊ Asean ဥက္ကဌနဲ့ အာဆီယံ အထူးကိုကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လက်ထောက် ပြောခွင့်ရ Farhan Haq ကသောကြာနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှ ာသတင်းထောက်တွေကို အခုလိုပြောဆိုခဲ့ပါတယ်။

“ မြန်မာနိုင်ငံအနှံ ဗုံးကြဲ တိုက်ခိုက်မှုတွေအပါအဝင်အခြားပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်၊ သန်းနဲ့ချီတဲ့ပြည် သူတွေဟာဘေးအန္တရယ်အမျိုးမျိုးကိုရင်ဆိုင်နေရပြီး၊သူတို့အသက်ရှင် နိုင်ဖို့ကိုရုန်းကန် နေကြရတဲ့ အချိန်မှာပဲ အထူးကိုယ်စားလှယ် အခုခရီးစဉ်ကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ။”

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဖရပ် ဆွတ်ဟွန် ကတော့ “မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေး အင်အားစုအားလုံးဟာ တွေ့ဆုံဆွေးနွေး စကားပြောဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ သူတို့ယုံကြည်တဲ့အတိုင်း ဆက်လက်လုပ်ဆောင်ကြဖို့ အခိုင်အမာဆုံးဖြတ်ထားကြပါတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင်နည်းလမ်းဘဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပြဿနာကို အလျင်အမြန် ဖြေရှင်းလို့တော့မရနိုင်ပါဘူးလို့” ပြောဆိုခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့အပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG