{{Zawgyi/Unicode}}
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN က ျမန္မာႏိုင္ငံႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖင့္ ေရြးခ်ယ္လိုက္တဲ့ ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ဟာ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ထိုက္သူေတြနဲ႔ ေတြ႕ဆုံၿပီး အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းသြားေရးအတြက္ အစီအစဥ္ ေရးဆြဲႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ၊ အင္ဒိုနီးရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာနရဲ႕ အာဆီယံပူးေပါင္းေဆာင္ရြက္ေရးတာဝန္ခံ Sidharto Suryodipuro က ေျပာပါတယ္။
ဒါအျပင္ အာဆီယံဝန္ႀကီးမ်ားအစည္းအေဝးက ပူးတြဲေၾကညာခ်က္ဟာ စစ္အစိုးရကို အသိအမွတ္ျပဳဖို႔ မဟုတ္ဘူးလို႔ လည္း သူက ေျပာပါတယ္။ ဆက္လက္ၿပီး Sidharto Suryodipuro က
“ ျမန္မာႏိုင္ငံအေနနဲ႔ အာဆီယံအဖြဲ႔ႀကီး ရဲ႕ မူဝါဒေတြ အတိုင္း အတူတကြပူးေပါင္းေဆာင္ရြက္ရမယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းေအာင္ျမင္မႈဟာ ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းေတြျဖစ္ၾက တဲ့ ႏိုင္ငံေရးကိစၥတင္ သာမက က်ဆင္းေနတဲ့ စီးပြားေရး နဲ႔ ဆိုးဆိုးဝါးဝါးခံစားေနရတဲ့ ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးတို ႔လည္း ပါဝင္ပါတယ္” လို႔ေျပာသြားပါတယ္။
အဲဒီလို ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ခန္႔အပ္လိုက္ေပမယ့္ ဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႕ဆုံခြင့္ရမယ္ မရဘူးဆိုတာ မေသခ်ာဘူးလို႔လည္း သူက ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးကတည္းက လူထု႔အုံႂကြဆႏၵျပပြဲေတြေပၚေပါက္လာခဲ့ၿပီး စစ္တပ္က အၾကမ္းဖက္ႏိုမ္နင္းခဲ့တဲ့အတြက္ လူေပါင္း ၉၀၀ ေက်ာ္ ေသဆုံးခဲ့ရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားပါတယ္။
.................................................
{{Unicode}}
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြင့် ရွေးချယ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်ထိုက်သူတွေနဲ့ တွေ့ဆုံပြီး အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားရေးအတွက် အစီအစဉ် ရေးဆွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ အာဆီယံပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ Sidharto Suryodipuro က ပြောပါတယ်။
ဒါအပြင် အာဆီယံဝန်ကြီးများအစည်းအဝေးက ပူးတွဲကြေညာချက်ဟာ စစ်အစိုးရကို အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့ လည်း သူက ပြောပါတယ်။ ဆက်လက်ပြီး Sidharto Suryodipuro က
“ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီး ရဲ့ မူဝါဒတွေ အတိုင်း အတူတကွပူးပေါင်းဆောင်ရွက်ရမယ်။ ဘာကြောင့်လည်းဆိုတော့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းအောင်မြင်မှုဟာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေဖြစ်ကြ တဲ့ နိုင်ငံရေးကိစ္စတင် သာမက ကျဆင်းနေတဲ့ စီးပွားရေး နဲ့ ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေးတို့လည်း ပါဝင်ပါတယ်” လို့ပြောသွားပါတယ်။
အဲဒီလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်ပေမယ့် ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရမယ် မရဘူးဆိုတာ မသေချာဘူးလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက လူထု့အုံကြွဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်နိုမ်နင်းခဲ့တဲ့အတွက် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က ထုတ်ပြန်ထားပါတယ်။