သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နေရပ်ပြန်ရေး မြန်မာကြိုးပမ်းမှု အာဆီယံ ထောက်ခံ


ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီးတွေရဲ့ ဆွေးနွေးပွဲ အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး အငြင်းပွားဖွယ် အစီအစဉ်၊ နောက် တောင်တရုတ် ပင်လယ်ပြင်အတွင်း အငြင်းပွားမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေ ၂ နှစ် အတွင်း ဌာနေပြန်နိုင်မယ်ဆိုတဲ့ သဘောမျိုး ASEAN ဘက်က ထွက်လာတာကြောင့်လည်း ဝေဖန်ခံနေရတာပါ။

တကယ်တန်း လက်တွေ့မှာတော့ လုံခြုံရေး စိုးရိမ်ချက်၊ နိုင်ငံသား ဖြစ်ခွင့် မရေရာတာတွေကြောင့် အခုအချိန်ထိ မြန်မာဘက်ကို ဆန္ဒအလျောက် ပြန်လာတဲ့ ဒုက္ခသည် မရှိသေးပါဘူး။ စနေနဲ့ တနင်္ဂနွေနေ့ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်လာရေးကို လက်ခံဖို့ မြန်မာရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာဘက်က အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ ASEAN ရဲ့ ကြေညာချက်မှာ ထည့်သွင်း အသုံးမပြုထားပါဘူး။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့တွင်း အဝေဖန်ဆုံးဖြစ်တဲ့ မလေးရှားဘက်ကတော့ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ နိုင်ငံသား ဖြစ်ခွင့်ကို အခြေခံဖို့ တောင်းဆိုနေတာပါ။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှု အရေးလည်း ပါဝင်ခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေနဲ့ တရုတ်ကြား နှစ်ဘက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရေး ကြန့်ကြာနေတဲ့ အပေါ် စိတ်ပျက်ရတယ်လို့လည်း ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ပြောဆိုပါတယ်။ သမုဒ္ဓရာတွင်း စွန့်ပစ်ပစ္စည်တွေ ရှင်းလင်းရေး အတွက်တော့ အာဆီယံ ထိပ်သီးတွေ သဘောတူပြီး ဘန်ကောက် ကြေညာချက် ထွက်လာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG