သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်း အာဆီယံမရှင်းနိုင်ဘူးလို့ သုတေသီတချို့ယူဆ


အင်ဒိုနီးရှားမှာကျင်းပတဲ့ အာဆီယံညီလာခံ ၊ မေ ၉၊ ၂၀၂၃
အင်ဒိုနီးရှားမှာကျင်းပတဲ့ အာဆီယံညီလာခံ ၊ မေ ၉၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာအခု အင်္ဂါနေ့ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာရော ဒီနောက်ကျင်းပမယ့် အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေမှာပါ စစ်အာဏာ သိမ်းခံထားရတဲ့မြန်မာ့အရေးကိစ္စက ထိပ်တန်းနေရာယူလာမယ့်အကြောင်းရပ်တခုဖြစ်ပေမယ့် ဒေသတွင်းအကဲခတ်တွေကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံအနေနဲ့ ‌ဖြေရှင်းနိုင် ခြေမရှိဘူးလို့ ယူဆကြပါတယ်။
မြန်မာပဋိ့ပက္ခကို ဖြေရှင်းဖို့ဆိုတာကြည့်ပြီး အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဌတာဝန်ယူမှုကို သုံးသပ်ဖို့ကြည့် တာထက်၊ မြန်မာ့အရေးအပေါ် ASEAN ရဲ့ရပ်တည်ချက်ကို အင်ဒိုနီးရှားက ဦးဆောင်နိုင်သလားဆိုတာကို မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ မဟာဗျုဟာနဲ့နိုင်ငံတကာလေ့လာရေးဌာန CSIS သုတေသီ Andrew Mantong က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အင်ဒိုနီးရှားက အလှည့်ကျဥက္ကဌဖြစ်နေချိန်အတွင်း မြန်မာ့အရေးဖြေရှင်းနိုင်လိမ့်မယ် သူမထင်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို အာဆီယံအနေနဲ့ဖြေရှင်းနိုင်မယ့်သဘောမရှိပဲ ဖျောင်းဖျ စည်းရုံး ကြားဝင်ညှိုနှိုင်းပေးနိုင်မယ့်အလားအလာပဲရှိတယ်လိုလည်း ဂျကာတာအခြေစိုက် နိုင်ငံရေးသုံးသပ်သူ Dewi Fortuna Anwar က အေပီသတင်းဌာနကို ပြောပါတယ်။ မြန်မာစစ်ကောင်စီ ခေါင်းဆောင်အပါ အဝင် အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ် ကောင်စီကိုယ်စားပြုပါဝင်မှုကို အာဆီယံကပိတ်ပင်ထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြီးတဲ့နောက် ဆက်စပ်အစည်းအဝေးတွေ ဆက်လက် ကျင်းပမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိပါတယ်။
မြန်မာ့အကျပ်အတည်း အာဆီယံမရှင်းနိုင်ဘူးလို့ သုတေသီတချို့ယူဆ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG