သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး သက်ဆိုင်သူအားလုံးဆွေးနွေးဖို့ အင်ဒိုနီးရှားအားပေး


၇၇ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာတေေွ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) (စက်တင်ဘာ ၂၆၊ ၂၀၂၂)
၇၇ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာတေေွ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) (စက်တင်ဘာ ၂၆၊ ၂၀၂၂)

မြန်မာနိုင်ငံရဲ့ပဋိပက္ခ ဖြေရှင်းရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံက အားပေးကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကနဦးတွေ့ဆုံ ဆွေးနွေးမှုတွေရှိနေပြီး တွေ့ဆုံမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ မတူညီတဲ့အမြင်သဘောထားတွေ နည်းသွားအောင် လုပ်ဆောင်ဖို့အတွက် ဒီ တွေ့ဆုံမှုတွေက အရေးပါကြောင်း ဒီကနေ့ ဂျကာတာမြို့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Marsudi ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Straits Time အွန်လိုင်းသတင်းမှာ ရေးပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ အင်အားအလွန်အကျွန် အသုံးချမှုတွေ လျော့ချရေးအတွက်လည်း အရေးပါတယ်လို့ ဆိုပါတယ်။ တွေ့ဆုံရေးအတွက် တိုက်တွန်း ပြောဆိုမှုတွေဟာ အဆုံးသတ်ရည်မှန်းချက်မဟုတ်ဘဲ ရေရှည်တည်တန့်တဲ့ငြိမ်းချမ်းရေး ရရှိရေးဆိုတဲ့ ရည်မှန်းချက်ကိုရောက်ဖို့ လုပ်ဆောင်တဲ့ နည်းလမ်းတခုသာဖြစ်ကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။ အခုချိန်ဟာ သက်ဆိုင်သူအားလုံးက တနိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းပေးရမယ့်အချိန်ဖြစ်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးလိုလားရင် တွေ့ဆုံ ဆွေးနွေးမှုကသာ တခုတည်းသော အဖြေဖြစ်တဲ့အတွက် ပြင်ပနိုင်ငံတွေကလည်း အဲဒီလိုဖြစ်လာအောင် တိုက်တွန်းပေးကြဖို့လိုအပ်တယ်” လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံ အလှည်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၇ လအတွင်း သက်ဆိုင်သူတွေ ပါဝင်တဲ့ ဆွေးနွေးမှုပေါင်း ၁၁၀ ပြုလုပ်ခဲ့တယ်လို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။ အဲဒီ တွေ့ဆုံမှုတွေထဲ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG