သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ်မှာ အာဆီယံပူးတွဲစစ်ရေးလေ့ကျင့်မယ် 


အင်ဒိုနီးရှားနဲ့ သြစတေးလျ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဝင်များက အင်ဒိုနီးရှားရေပိုင်နက်အတွင်း အကြမ်းဖျက်တိုက်ဖျက်ရေးလေ့ကျင့်ခန်းများကို သရုပ်ပြလေ့ကျင့်နေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၁၃)
အင်ဒိုနီးရှားနဲ့ သြစတေးလျ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဝင်များက အင်ဒိုနီးရှားရေပိုင်နက်အတွင်း အကြမ်းဖျက်တိုက်ဖျက်ရေးလေ့ကျင့်ခန်းများကို သရုပ်ပြလေ့ကျင့်နေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၁၃)

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေ ပူးပေါင်းပြီး လာမယ့် စက်တင်ဘာလကျရင် တောင်တရုတ်ပင်လယ်မှာ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မယ်လို့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။ တောင်တရုတ်ပင်လယ် တောင်ဘက်စွန်း North Natuna ပင်လယ်ပြင်မှာ လုံခြုံရေးအရ ဆယ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ စစ်ဦးစီးချုပ်တွေရဲ့ ဆွေးနွေးပွဲက ဆုံးဖြတ်တာပါ။

အာဆီယံ ဗဟိုထားတဲ့မူ ခိုင်မာအားကောင်းဖို့နဲ့ ဒေသတွင်း သဘာဝ ဘေးအန္တရာယ်တွေကို တုံ့ပြန်ဖို့ အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်တာလို့ အင်ဒိုနီးရှား စစ်တပ်ခေါင်းဆောင်တွေက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် ထိပ်သီးဆွေးနွေးပွဲတွေအတွင်း နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုပဲ ဖိတ်ကြားလေ့ရှိတဲ့ မြန်မာနိုင်ငံလည်း စစ်ရေးလေ့ကျင့်ရာမှာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ပါဝင်မယ့်အကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

အာဆီယံနိုင်ငံတွေအပါအဝင် အာရှနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ရေပြင်ပိုင်နက် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေချိန်မှာ ခုလို အာဆီယံနိုင်ငံတွေ စစ်ရေးလေ့ကျင့်ကြမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲက နယ်နိမိတ်တော်တော်များများကို တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောနေပြီး ပိုင်နက်နဲ့ စစ်ရေးချဲ့ထွင်မှုတွေကို အတင်းလုပ်နေပါတယ်။ နိုင်ငံတကာပိုင်နက်ထဲမှာ တရုတ်က စစ်ရေးအရ ရန်လိုတဲ့လုပ်ရပ်တွေ ပိုပြီး တိုးလုပ်နေတယ်လို့ အမေရိကန်က လတ်တလောမှာပဲ ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာပိုင်နက်ထဲမှာ အမေရိကန် စစ်လေယာဉ်တွေ စစ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့လုနီးပါးအခြေအနေမျိုးဖြစ်အောင် တရုတ်ဘက်က တိုးမြှင့်လုပ်နေတယ်လို့ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG