သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပူးပေါင်းဆောင်ရွက်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားတိုက်တွန်း


မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ မလေးရှားနိုင်ငံ Putrajaya မြို့က ဝန်ကြီးချုပ်နေအိမ် Seri Perdana မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၃)
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ မလေးရှားနိုင်ငံ Putrajaya မြို့က ဝန်ကြီးချုပ်နေအိမ် Seri Perdana မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၃)

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီဘက်က လိုက်ပါ အကောင်အထည်ဖော်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်တွေက အတူတကွ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo မလေးရှားကို ရောက်နေပြီး မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim နဲ့ မနေ့က တွေ့ဆုံချိန်မှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် နှစ်နိုင်ငံလုံးက စိုးရိမ်တဲ့အကြောင်း မလေးရှား နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ကစပြီး မလေးရှားကို ရောက်နေတဲ့ အင်ဒိုနီးရှားသမ္မတရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း အခု ကြေညာချက် ထွက်လာတာပါ။

အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်လုံးက ရပ်တည်ချက် မပြောင်းဘဲ တစုတစည်းတည်း ဆက်ရှိနေတဲ့အကြောင်းနဲ့ မြန်မာဘက်က အပြည့်အ၀ လိုက်ပါဆောင်ရွက်ဖို့ ခေါင်းဆောင်နှစ်ဦးက တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လိုအပ်တဲ့ စာနာမှု အကူအညီတွေ ပေးနိုင်ရေး အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို မြန်မာ အပါအဝင် အာဆီယံ အဖွဲ့ဝင်တွေ သဘောတူ ထားကြပေမဲ့ မြန်မာဘက်က လိုက်ပါ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ် တခြား အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ကို ပြစ်တင် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

မြန်မာပူးပေါင်းဆောင်ရွက်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားတိုက်တွန်း
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG