သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အစည်းအဝေးတွေ တက်ခွင့်မပေးရေးမူ အာဆီယံ ဆက်လက်စွဲကိုင်


အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်သူမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာ (မေ ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်သူမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာ (မေ ၁၁၊ ၂၀၂၃)

မြန်မာအရေး အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ သူတွေကိုပဲ တက်ရောက်ခွင့်ပြုဖို့ သတ်မှတ်ထားပေမဲ့ အရပ်ဘက် အရာရှိတွေကတော့ ASEAN ပူးတွဲ ဆွေးနွေးပွဲတွေမှာ ဆက်လက် ပါဝင်ခွင့်ရှိမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ပြောဆိုပါတယ်။ အင်ဒီုနီးရှားနိုင်ငံ Labuan Bajo (လာဘူဝန် ဘာဟို) မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်ကောင်စီဘက်က ပါဝင် တက်ရောက်ခြင်း မရှိသလို မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေး အပါအဝင်၊ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေး တိုးတက်မှု မရှိတဲအ့ကြောင်း ဒေသတွင်း ခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဘုံသဘောတူညီချက်တွေအကောင်အထည်ဖေါ်ရေး တိုးတက်မှု မရှိရင် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံဘက်ကို ဖိတ်ကြားမယ့် မူဝါဒလည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံ ဘက်ကတော့ အစည်းအဝေးတက်ခွင့်မရတာဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ခွဲခြားဆက်ဆံတာဖြစ်ပြီး အာဆီယံ ပဋိညာဉ် စာတမ်းကို ချိုးဖေါက်တာဆိုပြီး ကန့်ကွက်ထားပါတယ်။ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာနိုင်ငံအခြေအနေ တိုးတက်တက်မှု မရှိပေမဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်းနဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ လက်လျှော့လိုက်မှာ မဟုတ်တဲ့အကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီကို အစည်းအဝေးတွေ တက်ခွင့်မပေးရေးမူ အာဆီယံ ဆက်လက်စွဲကိုင်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG