သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မယ့်နေရာ ပြောင်းရွှေ့


 အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ဇွန် ၇၊ ၂၀၂၃)
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ဇွန် ၇၊ ၂၀၂၃)

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေအကြား ပထမဆုံး အကြိမ် ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပယ်လယ် နယ်နမိတ်နဲ့ ဝေးတဲ့နေရာ ပြောင်းရွေ့လိုက်တဲ့အကြောင်း အင်ဒိုနီးရှား စစ်တပ်က ဒီနေ့ ကြေညာပါတယ်။ မူလက စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့နေရာဟာ တရုတ်နိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံတချို့ အကြား ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ နေရာဖြစ်ပါတယ်။
တိုက်ခိုက်ရေး အတွက်မဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် တောင်ဘက်ဆုံး တရုတ်နိုင်ငံက သူပိုင်အဖြစ် ပြောဆိုနေတဲ့နေရာမှာ ကျင်းပဖို့ အာဆီယအလှည့်ကျ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပထမ စီစဉ်ခဲ့တာပါ။

ဒီစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲချက်တွေလည်း ပေါ်ပေါက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ တုံ့ပြန်ခဲ့သလို မြန်မာနိုင်ငံ ကလည်း စစ်ရေးလေ့ကျင့်ဖို့ ဖိတ်ကြားချက်ကို အကြောင်းပြန်ကြားခြင်း မရှိတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။ နှစ်နိုင်ငံစလုံးဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး နီးစပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အင်ဒိုနီးရှားစစ်တပ်ကတော့ အခုလို စစ်ရေးလေ့ကျင့်မယ့် နေရာပြောင်းလိုက်တာ တခြား ဘယ်နိုင်ငံကမှာ ဝင်ပြီး စွက်ဖက်လို့ မဟုတ်ဘဲ၊ ကိုယ်ပိုင် လွတ်လွတ်လပ်လပ်လပ် ဆုံးဖြတ်တာလို့ ပြောဆိုပါတယ်။ အရှေ့တောင်အာရှမှာ သဘာဝဘေးအန္တရာယ် မြင့်မားနေပြီး ဒီအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တာကြောင့် ASEAN နိုင်ငံတွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့ စီစဉ်တာဖြစ်တဲ့အကြောင်းလည်း အင်ဒိုနီးရှား စစ်တပ်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG