သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေဘာလံုးအသင္းေတြ ဝင္မၿပိဳင္တာေၾကာင့္ AFC ပြဲစဥ္ေတြ ျပန္ဆြဲ


{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံက ဟံသာဝတီယူႏုိက္တက္ နဲ႔ ရွမ္းယူနုိက္တက္ ေဘာလုံးအသင္းေတြကို လာမယ့္ ၂၀၂၁ ခုႏွစ္ အာရွေဘာလုံးၿပိဳင္ပဲြေတြမွာ ဝင္မၿပိဳင္ေတာ့ဘူးလို႔ အေၾကာင္းၾကားတာေၾကာင့္ အာရွေဘာလုံးအဖဲြ႔ခ်ဳပ္ (AFC) က ပဲြစဥ္ေတြကို ျပန္ၿပီးေတာ့ ျပင္ဆင္ေရးဆဲြလိုက္ပါတယ္။

ျမန္မာႏုိင္ငံေဘာလုံးအဖဲြ႔ခ်ဳပ္က ဟံသာ၀တီယူႏုိက္တက္နဲ႔ ရွမ္းယူႏုိက္တက္အသင္းေတြကို အာရွၿပိဳင္ပဲြကေန ျပန္ရုပ္သိမ္းလိုက္တာေၾကာင့္ AFC ဘက္က အခုလို ပဲြစဥ္ေတြကို ျပင္လိုက္တာပါ။

ျမန္မာႏုိင္ငံတြင္းမွာျဖစ္ေနတဲ့ အေရးေပၚအေျခအေနေၾကာင့္ လက္ရွိျဖစ္ေနတဲ့့ စိန္ေခၚမႈအခက္အခဲေတြနဲ႔ ရႈပ္ေထြးမႈေတြကို ၿပိဳင္ပဲြက်င္းပေရးေကာ္မတီအေနနဲ႔ လက္ခံ အသိအမွတ္ျပဳေၾကာင္း၊ ဒီလို မျမင္ႏုိင္တဲ့အေျခအေနေတြေၾကာင့္ ၿပိဳင္ပဲြကို ၀င္ၿပိဳင္ႏုိင္ဖို႔ မျဖစ္ႏုိင္ဘူးလို႔ ဆုံးျဖတ္လိုက္ေၾကာင္း အာရွေဘာလုံးအဖဲြ႔ခ်ဳပ္က ဒီေန႔မွာ ေၾကျငာခ်က္ထုတ္ပါတယ္။

ျမန္မာေနရွင္နယ္လိဂ္ခ်န္ပီယံ ရွမ္းယူႏုိက္တက္အသင္းက အာရွခ်န္ပီယံလိဂ္ၿပိဳင္ပဲြ ေျခစစ္ပဲြမွာ ၾသစေၾတးလ်က Melbourne City အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး အခုလို ၿပိဳင္ပဲြကေန ႏုတ္ထြက္လိုက္တာေၾကာင့္ Melbourne City အသင္းဟာ ေနာက္တဆင့္ ရႈံးထြက္အဆင့္ကို တက္သြားၿပီး ဂ်ပန္ႏုိင္ငံက Cerezo Osaka နဲ႔ ကစားရမွာျဖစ္ပါတယ္။

ဟံသာ၀တီယူႏုိက္တက္အသင္းလည္း မၿပိဳင္ရေတာ့တာေၾကာင့္ လာအိုႏုိင္ငံက Chanthabouly နဲ႔ ဘရူႏုိင္းက Kasuka FC အသင္းတုိ႔ အုပ္စု G မွာ ပါဝင္ခြင့္ရဖို႔ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။

........................................

{{Unicode}}

မြန်မာနိုင်ငံက ဟံသာဝတီယူနိုက်တက် နဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းတွေကို လာမယ့် ၂၀၂၁ ခုနှစ် အာရှဘောလုံးပြိုင်ပွဲတွေမှာ ဝင်မပြိုင်တော့ဘူးလို့ အကြောင်းကြားတာကြောင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ပွဲစဉ်တွေကို ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲလိုက်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဟံသာဝတီယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတွေကို အာရှပြိုင်ပွဲကနေ ပြန်ရုပ်သိမ်းလိုက်တာကြောင့် AFC ဘက်က အခုလို ပွဲစဉ်တွေကို ပြင်လိုက်တာပါ။

မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ အရေးပေါ်အခြေအနေကြောင့် လက်ရှိဖြစ်နေတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ ရှုပ်ထွေးမှုတွေကို ပြိုင်ပွဲကျင်းပရေးကော်မတီအနေနဲ့ လက်ခံ အသိအမှတ်ပြုကြောင်း၊ ဒီလို မမြင်နိုင်တဲ့အခြေအနေတွေကြောင့် ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ဒီနေ့မှာ ကြေငြာချက်ထုတ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲမှာ သြစတြေးလျက Melbourne City အသင်းနဲ့ ကစားရမှာဖြစ်ပြီး အခုလို ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာကြောင့် Melbourne City အသင်းဟာ နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်သွားပြီး ဂျပန်နိုင်ငံက Cerezo Osaka နဲ့ ကစားရမှာဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းလည်း မပြိုင်ရတော့တာကြောင့် လာအိုနိုင်ငံက Chanthabouly နဲ့ ဘရူနိုင်းက Kasuka FC အသင်းတို့ အုပ်စု G မှာ ပါဝင်ခွင့်ရဖို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG