သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှဒေသမှာ ရေဘေးသင့် ကလေး ၆ သန်းနီးပါးရှိ - UNICEF


ကရင်နီဒေသ ဒီးမော့ဆိုမှာ ရေကြီးရေလျှံလို့ ဘေးလွတ်ရာသွားနေရ (စက်တင်ဘာ ၂၀၁၄)
ကရင်နီဒေသ ဒီးမော့ဆိုမှာ ရေကြီးရေလျှံလို့ ဘေးလွတ်ရာသွားနေရ (စက်တင်ဘာ ၂၀၁၄)

လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ ကပ်ဘေးကြောင့် သေဆုံးသူ ၅၃၇ ဦးအထိ ရှိနေပြီး၊ ဒီထက်ပိုတိုးလာနိုင်တယ်လို့လည်း ကုလသမဂ္ဂ ကလေးများအရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF ကသတင်းထုတ်ပြန်ခဲ့တာပါ။

တိုင်ဖွန်း Yagi ဟာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်နီးပါးအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ နောက်ဆက်တွဲ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

မြန်မာ စစ်ကောင်စီကတော့ မုန်တိုင်းကြောင့်ဖြစ်လာတဲ့ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိနေပြီး ၇၇ ဦးပျောက်ဆုံးနေတယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံမှာ ရေဘေးဒဏ်သင့်သူ ၆၃၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်းပြောထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ နောက်ထပ် ၃ ဦးသေဆုံးကြောင်း ဒီနေ့ပဲ သတင်းထုတ်ပြန်ထားပြီး၊ မြို့ပေါ်မှာ သေဆုံးသူ ၁၈ ဦးထိရှိလာကာ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၅၃၇ ဦး ရှိ‌နေပြီဖြစ်ပါတယ်။

ဗီယက်နမ်မှာဆိုရင်လည်း သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ် ချို့တဲ့မှုကြောင့် လူပေါင်း သုံးသန်းခန့်ဟာ ရောဂါအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ UNICEF ကတော့ ရေဘေးကြောင့် သန့်ရှင်းတဲ့ရေ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ အမိုးအကာရရှိမှုတွေပါ ဆုံးရှုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

UNICEF ရဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ June Kunugi ကတော့ တိုင်ဖွန်း Yagi ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိခိုက်လွယ်တဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက အဆိုးဝါးဆုံး ထိခိုက်ခံစားနေရတယ်လို့ ပြောပါတယ်။

အရှေ့တောင်အာရှဒေသမှာ ရေဘေးသင့် ကလေး ၆ သန်းနီးပါးရှိ - UNICEF
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG