သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှား အားလပ်ရက်ကာလ လုံခြုံရေးတိုးမြှင့်


အာရှနိုင်ငံတွေမှာ နှစ်သစ်ကူးကာလ လုံခြုံရေးတိုးမြှင့်ထား။ ( ဒီဇင်ဘာ ၂၂၊ ၂၀၁၆)
အာရှနိုင်ငံတွေမှာ နှစ်သစ်ကူးကာလ လုံခြုံရေးတိုးမြှင့်ထား။ ( ဒီဇင်ဘာ ၂၂၊ ၂၀၁၆)

ခရစ်စမစ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလတွေမှာ IS အစွန်းရောက်အဖွဲ့ကို ထောက်ခံသူတွေက တိုက်ခိုက်လာနိုင်ခြေအပေါ် သတိပေးချက်တွေ ထွက်နေတဲ့အတွက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ခရစ္စမတ်စ်ကာလမှာ IS နဲ့အချိတ်အဆက်ရှိတဲ့ အဖွဲ့တဖွဲ့က အသေခံဗုံးခွဲမယ့် အကြံအစည်ကို ဖော်ထုတ်လိုက်ပြီးတဲ့နောက် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၅၀,၀၀၀ ကျော်ကို နေရာချထားမယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

ထိုင်းနိုင်ငံမှာလည်း နှစ်သစ်ကူး အားလပ်ရက်ကာလအတွက် လုံခြုံရေးကို တိုးမြှင့်ထားတာပါ။ တိုက်ခိုက်နိုင်ခြေဆိုင်ရာ သတင်း အတိအကျ ရှိမထားပေမယ့်လည်း လုံခြုံရေး တိုးထားတဲ့အကြောင်း ဒုတိယဝန်ကြီးချုပ် Prawit Wognsuwan ရဲ့ အကြံပေး နိုင်ငံ ရေးသိပ္ပံပညာရှင် Panitan Wattanayagorn ကပြောပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာရှိနေတဲ့ သြစတြေးလျနိုင်ငံသားတွေအနေနဲ့ ဘန်ကောက်မြို့တော်နဲ့ ဖူးခက် အပန်းဖြေ ကမ်းခြေအပါအဝင် ထိုင်းနိုင်ငံတွင်းမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်လာနိုင်ခြေအပေါ် အထူးသတိပြုနေကြဖို့ သြစတြေးလျနိုင်ငံခြားရေးဌာနက ဒီသီတင်းပတ်အတွင်း သတိပေးပြီးတဲ့နောက် အခုလို စိုးရိမ်ချက်တွေ ထွက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဖောက်ခွဲရေးပစ္စည်းတွေ၊ ဓားတွေနဲ့ သေနတ်တလက်ကို အသုံးပြုပြီး သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့လယ်ခေါင်မှာ ခရစ္စ မတ်စ်နေ့ကျရင် တိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်နေတယ်လို့ဆိုသူ ငါးဦးကို ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာနဲ့ အမျှ အရှေ့တောင်အာရှဒေသတဝန်း သတိပေးချက်တွေ ထွက်လာတာပါ။

အာရှတလွှား အားလပ်ရက်ကာလ လုံခြုံရေးတိုးမြှင့်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG