သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူးအကြမ်းဖက်ဖို့ကြံတဲ့ သံသယရှိမှု အင်ဒိုရဲတပ်ဖွဲ့နှိမ်နင်း


နှစ်သစ်ကူးအကြမ်းဖက်ဖို့ကြံတဲ့ သံသယရှိမှု အင်ဒိုရဲတပ်ဖွဲ့နှိမ်နင်း
နှစ်သစ်ကူးအကြမ်းဖက်ဖို့ကြံတဲ့ သံသယရှိမှု အင်ဒိုရဲတပ်ဖွဲ့နှိမ်နင်း

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်သစ်ကြိုညနေခင်းအချိန် တိုက်ခိုက်ဖို့ကြံစည်နေတဲ့ စစ်သွေးကြွလို့သံသယရှိသူ သုံးဦးကို ဂျကာတာမြို့ပြင် မှာ ဒီကနေ့ စီးနင်း တိုက်ခိုက်မှုတခုအတွင်း သတ်ပစ်လိုက်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီလူတွေငှားနေတဲ့အိမ်ထဲမှာ ဗုံးတွေကို တွေ့ပြီးတဲ့နောက် လူနေရပ်ကွက်တခုကနေ လူတွေကို ရွှေ့ထုတ်ခဲ့ရတယ်လို့ အင်ဒိုနီး ရှားရဲတပ်ဖွဲ့ပြောခွင့်ရ Rikwanto ကပြောပါတယ်။

အိမ်ထဲကနေထွက်လာပြီး လက်နက်ချဖို့ အာဏာပိုင်တွေကပြောတာကို လက်မခံဘဲ ရဲတပ်ဖွဲ့ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်တာကြောင့် ပစ်သတ်လိုက်တာလို့ Rikwanto ကပြောပါတယ်။ ဂျကာတာမြို့ပြင်က သစ်ပင်ထူထပ်တဲ့ Tangerang ရပ်ကွက်က အိမ်တလုံးမှာ အဲဒီလူတွေ ငှားနေတာပါ။

အဲဒီ ရပ်ကွက်မှာ ရဲကဖမ်းလိုက်တဲ့ လူတယောက်ဆီကနေ စစ်သွေးကြွလို့သံသယရှိသူတွေ ငှားနေတဲ့အိမ်ကို ရဲတွေသိခဲ့ရတာပါ။

အခု အကြံအစည်မှာ ပါဝင်တဲ့လူတွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဂျကာတာမြို့ပြင်နေရာတွေမှာ ဖမ်းဆီးခဲ့တဲ့ စစ်သွေးကြွ တွေနဲ့ အချိတ်အဆက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်တဲ့အကြောင်း ပြောခွင့်ရ Rikwanto ကပြောပါတယ်။ အရင်ဖမ်းခဲ့တဲ စစ် သွေးကြွတွေကတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ သမ္မတနန်းတော်မှာ လုံခြုံရေးတပ်ဖွဲ့ အလွှဲအပြောင်းလုပ်တဲ့ အခမ်းအနားကို အသေခံဗုံးခွဲဖို့ ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသမီးတဦးက အသေခံဗုံးခွဲဖို့လုပ်ထားတဲ့ အဲဒီ ပျက်သွားတဲ့အစီအစဉ်ကို ဆီးရီးယားက IS အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံသား Bahrun Naim က ကြိုးကိုင်စီစဉ်ခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောထားပါတယ်။

နှစ်သစ်ကူးအကြမ်းဖက်ဖို့ကြံတဲ့ သံသယရှိမှု အင်ဒိုရဲတပ်ဖွဲ့နှိမ်နင်း
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG