သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုးရာလှေပြိုင်ပွဲ မြန်မာကြေးတံဆိပ် ထပ်ရ 


တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ မြန်မာအမျိုးသား ရိုးရာလှေအသင်း (အောက်တိုဘာ ၄၊ ၂၀၂၃)
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ မြန်မာအမျိုးသား ရိုးရာလှေအသင်း (အောက်တိုဘာ ၄၊ ၂၀၂၃)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ နောက်ထပ် ကြေးတံဆိပ်တခုရရှိခဲ့ပါတယ်။ ရိုးရာလှေပြိုင်ပွဲကို ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကြတာမှာ အမျိုးသားမီတာ ၁၀၀၀ ပြိုင်ပွဲမှာ မြန်မာရိုးရာလှေအသင်းက တတိယ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အင်ဒိုနီးရှားက အိမ်ရှင်တရုတ်အသင်းကို အနိုင်ရသွားတာကြောင့် အင်ဒိုနီးရှားက ပထမ၊ တရုတ်က ဒုတိယ နဲ့ မြန်မာက တတိယရရှိခဲ့ပါတယ်။ အမျိုးသမီး မီတာ ၁၀၀၀ ပြိုင်ပွဲမှာတော့ အိမ်ရှင် တရုတ်နိုင်ငံက ပထမရရှိသွားပြီး၊ အင်ဒိုနီးရှားက ဒုတိယ၊ တောင်ကိုရီးယားက တတိယရသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာကတော့ အဆင့် ၆ ပဲ ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ ကြေးတံဆိပ် နောက်တခု ထပ်ရလိုက်တဲ့အတွက် ရိုးရာလှေပြိုင်ပွဲကနေ ကြေးတံဆိပ် ၂ ခု ရရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းဟာ အခုနှစ်အာရှအားကစားပြိုင်ပွဲမှာ ရွှေ ၁ ခု ၊ ကြေး ၂ ခု ရရှိပြီး အဆင့် ၂၇ မှာ ဆက်လက် ရပ်တည်နေပါတယ်။

အခုနောက်ဆုံးရရှိတဲ့ စာရင်းတွေအရတော့၊ အိမ်ရှင်တရုတ်အသင်းက ရွှေ ၁၈၄၊ ငွေ ၁၀၃ ၊ ကြေး ၅၉ နဲ့ ပထမ၊ ဂျပန်က ရွှေ ၄၄၊ ငွေ ၅၅၊ ကြေး ၆၀ နဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေ ၃၆ ၊ ငွေ ၄၇ ၊ ကြေး ၈၃ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG