သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအားကစားပွဲ အိမ်ရှင်တရုတ်သမ္မတ တက်ရောက်ဖွင့်လှစ်


ASIA GAME-2022-2023-HANGZHOU-OPENING
ASIA GAME-2022-2023-HANGZHOU-OPENING

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ဂျိုးမြို့တော်ရဲ့ ပရိသတ် ၈၀,၀၀၀ ဆန့်တဲ့ အားကစားကွင်းကြီးထဲမှာ စနေနေ့က ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

အာရှအားကစားပွဲ အိမ်ရှင် တရုတ်သမ္မတ တက်ရောက်ဖွင့်လှစ်

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ဂျိုးမြို့တော်ရဲ့ ပရိသတ် ၈၀,၀၀၀ ဆန့်တဲ့ အားကစားကွင်းကြီးထဲမှာ စနေနေ့က ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

" အားကစားအားနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်သင့်ကြောင်းနဲ့ အိမ်နီးချင်းတွေအပေါ် စေတနာထားပြီး အပြန်အလှန်အကျိုးရှိစေမယ့် နိယာမကို လိုက်နာကာစစ်အေးတိုက်ပွဲ စိတ်ဓာတ်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုမှုတွေကို တိုက်ဖျက်ရမယ်" လို့ သမ္မတရှီကျင့်ဖျင်က စနေနေ့အခမ်းအနားမစမီမှာ တက်ရောက်လာတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ပြောကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

(၄) နှစ် တကြိမ် ကျင်းပလေ့ရှိတဲ့ အာရှအားကစား ပြိုင်ပွဲက Covid-19 ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် အိမ်ရှင် တရုတ် နိုင်ငံက တနှစ် နောက်ဆုတ်ပြီးကျင်းပခဲ့တာပါ။ ဖွင့်ပွဲအခမ်းအနားကို အိုလံပစ်ကော်မတီဥက္ကဌ သောမတ်စ် ဘာ့ခ် (Thomas Bach)၊ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) တို့ အပါအဝင် နိုင်ငံတကာက ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဖွင့်ပွဲတက်လို့ ဟန်ဂျိုးမြို့တော်မှာ လုံခြုံရေးတွေတင်းကျပ်ထားကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

အောက်တိုဘာ (၈) ရက် အထိ ကျင်းပမယ့်အာရှရဲ့ အဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၂,၀၀၀ လောက်ဟာ အားကစားနည်း အမျိုးပေါင်း ၄၀ မှာ ဝင်ရောက်ယဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်နေပြီး မြန်မာအမျိုးသား ဘောလုံးအသင်းဟာ အုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အိန္ဒိယအသင်းနဲ့ကစားဖို့ရှိပါတယ်။ အုပ်စုတွင်း အမှတ်ပေးဇယားမှာ မြန်မာအသင်းဟာ အိန္ဒိယနဲ့ ရမှတ် ၃ မှတ်တူ ဂိုးကွာခြားချက်နဲ့ တတိယနေရာမှာ ရှိနေပြီး ဒီပွဲမှာ အနိုင်ကစားနိုင်မှ အုပ်စုတက်မှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဘင်္ဂလာဒေ့ရှ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာတော့ အိမ်ရှင် တရုတ် အသင်းကို ၄ ဂိုးပြတ်နဲ့ ရှုံးထားပါတယ်။

စနေနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားမှာတော့ မြန်မာအားကစားသမားတွေလည်း ချီတက်လမ်းလျှောက် ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အားကစားသမား ၁၁၁ ဦး (အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၄၈ ဦး)ဟာ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လှေလှော်နှင့် Esports တွေမှာ ယှဉ်ပြိုင်ကြပါမယ်။

XS
SM
MD
LG