သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဘဏ်လုပ်ငန်း ပြဿနာ အာရှဈေးကွက်ကိုရိုက်ခတ်

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တနေရာမှာတွေ့ရတဲ့ စတော့ရှယ်ယာဈေးကွက်ကိန်းဂဏန်းများ (ယခင်မှတ်တမ်းရုပ်ပုံ)
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တနေရာမှာတွေ့ရတဲ့ စတော့ရှယ်ယာဈေးကွက်ကိန်းဂဏန်းများ (ယခင်မှတ်တမ်းရုပ်ပုံ)

အမေရိကန်ပြည်ထောင်စုမှာ ဘဏ်ကြီးနှစ်ခု ပြိုလဲသွားတဲ့ သတင်းတွေထွက်လာပြီး အမေရိကန် စတော့အစုရှယ်ယာတွေကျခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ အာရှ အစုရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။ အာရှဒေသက ရှယ်ယာလုပ်ငန်းနဲ့ ဘဏ်တွေ အထူးသဖြင့် အထိနာခဲ့ပါတယ်။ ဂျပန် နစ်ကေး 225 အညွန်းကိန်း ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Softbank ရှယ်ယာတွေလည်း ၄ ဒသမ တစ် ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် Silicon Valley Bank နဲ့ နယူးယောက်အခြေစိုက် Signature Bank တွေ ပြိုလဲခဲ့ပေမယ့် အမေရိကန် ဘဏ်စနစ် လုံခြုံစိတ်ချနိုင်ရေး သမ္မတဂျိုးဘိုင်ဒန် အာမခံနိုင်ဖို့ ကြိုးစားနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆုံးရှုံးငွေတွေကို အခွန်ပေးပြည်သူတွေဘက်က ပေးဆပ်ရတာမျိုး နစ်နာဆုံးရှုးမှု မရှိအောင် လုပ်ကိုင်ပေးမယ်ဆိုပြီး အာမခံ ပြောကြားနေတာပါ။

ငွေကြေးအပ်နှံသူတွေရဲ့ ငွေတွေကို အမေရိကန် အစိုးရပိုင်ဘဏ်တွေရဲ့ အရေးပေါ် အကောင့်တွေကန အလှည့်ကျ ပေးသွားမယ့်အကြောင်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ပြိုလဲသွားတဲ့ ဘဏ်ကြီးနှစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေကို အပြည့်အဝ အရေးယူရမယ်ဆိုတာကိုလည်း သူက ပြောဆိုသွားပါတယ်။

အမေရိကန်ဘဏ်လုပ်ငန်း ပြဿနာ အာရှဈေးကွက်ကိုရိုက်ခတ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG