သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်၂ခုပြိုပြီးနောက် နိုင်ငံဘဏ္ဍာရေးစနစ် ကန်သမ္မတအာမခံ


အမေရိကန်ဘဏ်စနစ်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားနေစဉ် (မတ် ၁၃၊ ၂၀၂၃)
အမေရိကန်ဘဏ်စနစ်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားနေစဉ် (မတ် ၁၃၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးစနစ်ဟာ စိတ်ချရပါတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့ကပဲ ပြောကြားသွားပါတယ်။ အမေရိကန် ဘဏ် ၂ ခု အချိန်တိုအတွင်း ပြိုလဲသွားရလို့ နောက်ဆက်တွဲ ငွေကြေးအကြပ်အတည်းကြီးလိုက်လာမှာ စိုးရိမ်နေကြချိန်မှာ အခုလို သမ္မတက ပြောသွားတာပါ။ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ အပ်နှံထားတဲ့ငွေတွေ လိုအပ်တဲ့အချိန်တိုင်း ဘဏ်တွေမှာ ရှိနေတယ်ဆိုတာလည်း သမ္မတက ထပ်ပြီးပြောသွားပါတယ်။

Silicon Valley Bank နဲ့ Signature Bank ဘဏ်ကြီးနှစ်ခု ပြိုလဲသွားပြီးနောက် အခုဖြစ်နေတဲ့ အရှုပ်အထွေးကို သူအပြည့်အဝ တာဝန်ယူမယ့်အကြောင်းနဲ့ ဒီလို အလားတူ မဖြစ်အောင် ပိုမိုကြီးမားတဲ့ ဘဏ်ကြီးတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ချမှတ်၊ ကြီးကြပ် လုပ်ဆောင်သွားမယ် လို့လည်း မနေ့ကပဲ ပြောသွားပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Silicon Valley Bank နဲ့ နယူးယောက်အခြေစိုက် Signature Bank ကြီးနှစ်ခုမှာ အပ်နှံထားတဲ့ငွေတွေ အားလုံး တနင်္လာနေ့ ထုတ်သွင်းလို့ ရနိုင်မယ့်အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က Silicon Valley ဘဏ်ရုံးချုပ် (မတ် ၁၀၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က Silicon Valley ဘဏ်ရုံးချုပ် (မတ် ၁၀၊ ၂၀၂၃)

Silicon Valley Bank ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပြီး ဒေါ်လာ ဘီလျံ ၂၀၀ နဲ့ လည်ပတ်နေတဲ့ ဘဏ်ဖြစ်ပါတယ်။ Silicon Valley ဘဏ် ပြိုလဲတာဟာ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ဒုတိယမြောက် အကြီးမားဆုံး ဖြစ်ပါတယ်။ ဒီဘဏ်ကြီးတွေ ပြိုလဲသွားပေမယ့် အခွန်ပေးပြည်သူတွေဘက်က ဆုံးရှုံးရတာမျိုး ဝန်ထုတ်ဝန်ပိုးအဖြစ်ခံမှာ မဟုတ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းချမှတ်တဲ့ ထိပ်တန်းအရာရှိတွေ အစည်းအဝေးကျင်းပပြီး ကျယ်ပြန့်တဲ့ ဘဏ်စနစ်တခုလုံး တည်ငြိမ်ရေး ဗဟိုဘဏ်က နောက်ထပ် အရေးပေါ် ချေးငွေထုတ်ပေးမယ့် အစီအစဉ်တွေ ချမှတ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG