သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီသူပုန်တွေ လက်ချက်ကြောင့် ပင်လယ်နီမှာ သင်္ဘောသား ၃ ဦးသေဆုံး


ဟူသီသူပုန်များ (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)၊ ရီမင်နိုင်ငံ
ဟူသီသူပုန်များ (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)၊ ရီမင်နိုင်ငံ

ဧဒင်ပင်လယ်ကွေ့မှာ ဟူသီသူပုန်တွေ မနေ့တုန်းက တိုက်ခိုက်ခဲ့တဲ့ ကုန်တင် သင်္ဘောတစင်းပေါ်မှာ ကျန်နေသေးတဲ့ သင်္ဘောသားတွေကို အိန္ဒိယရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။ သင်္ဘောပေါ်ကသူတွေကို အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်တင်ပြီး INS Kolkata အိန္ဒိယရေတပ်ရဲ့ သင်္ဘောပေါ်ကို ခေါ်တင်နေတဲ့ ရုပ်သံဖိုင်ကိုလည်း အိန္ဒိယရေတပ်က ထုတ်ပြန်ထားပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ယီမင်နိုင်ငံတောင်ပိုင်း ဧဒင် ဆိပ်ကမ်းနားမှာ Barbados အလံတပ်ထားတဲ့ Liberia နိုင်ငံသားပိုင် ကုန်တင်သင်္ဘော True Confidence ကို ဟူသီသူပုန်တွေက မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောပေါ်မှာ လိုက်ပါလာသူ ၃ ယောက်သေဆုံးပြီး ၄ယောက် ဒဏ်ရာရတဲ့အထဲက ၃ ယောက်က စိုးရိမ်ရတဲ့အခြေအနေမှာ ရှိကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ ကျန်တဲ့သူတွေလည်း သင်္ဘောကို စွန့်ခွာ ထွက်ပြေးလာကြတာပါ။

ဂါဇာကမ်းမြောင်ဒေသက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းတို့နဲ့အတူ တသားတည်းရှိကြောင်း ယီမင်နိုင်ငံက ဟူသီ သူပုန်တွေက ပြသတဲ့အနေနဲ့ တိုက်ခိုက်မှုတွေလုပ်နေတာ ဖြစ်ပြီး လူသေစေတဲ့အထိ တိုက်ခိုက်မှုက ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် အာရှကို အရှေ့အလယ်ပိုင်းနဲ့ ဥရောပတို့နဲ့ရေလမ်းကြောင်း ချိတ်ဆက်မှု ပြတ်တောက်စေပြီး ကုန်စည်တင်ပို့မှုလည်း နှောင့်နှေးစေပါတယ်။

၂၀၂၃ နိုဝင်ဘာကတည်းက ဟူသီသူပုန်တွေ တိုက်ခိုက်နေတာဖြစ်ပြီး အမေရိကန်ကလည်း ဇန်နဝါရီလကစပြီး တန်ပြန် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ပေမယ့် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ ရပ်မသွားသေးပါဘူး။

ဟူသီသူပုန်တွေ လက်ချက်ကြောင့် ပင်လယ်နီမှာ သင်္ဘောသား ၃ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG