သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီထဲ ဟူသီပစ်မှတ်တွေကို ကန်တိုက်ခိုက်ခဲ့ 


 "USS Dwight D. Eisenhower"
"USS Dwight D. Eisenhower"

ဟူသီသူပုန်တွေထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံနယ်မြေတွေထဲကနေ ကုန်းကြောင်းနဲ့ ရေကြောင်းကတိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ပင်လယ်နီထဲက အမေရိကန်တပ်ဖွဲ့တွေက ကာကွယ်ရေးဆိုင်ရာတိုက်ခိုက်မှု ငါးကြိမ် အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ Sanna ဒေသစံတော်ချိန် ညနေ ၃ နာရီကနေ ၈ နာရီကြား ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်စစ်ဘက်ကပြောပါတယ်။

ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီတို့ ထပ်ခါတလဲလဲ တိုက်ခိုက်နေတာတွေ ရပ်တန့်သွားအောင် အမေရိကန်နဲ့မဟာမိတ်တို့ဘက်က ခုလိုဆောင်ရွက်နေကြတာပါ။
တိုက်ခိုက်မှုငါးကြိမ်ထဲမှာ အောက်တိုဘာလကတည်းကစတင်ခဲ့တဲ့ ဟူသီတို့ရဲ့ UUV မောင်းသူမဲ့ရေအောက်သင်္ဘောကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုလည်း ပါဝင်တယ်လို့ US Central Command အရှေ့အလယ်ပိုင်း အမေရိကန်စစ်ကွပ်ကဲရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သိပ်အသုံးပြုလေ့မရှိတဲ့ မောင်းသူမဲ့ရေယာဥ် USV နဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးတွေလည်းပါဝင်တယ်လို့ CENTCOM က ထုတ်ပြန်ပါတယ်။

စစ်ဒဏ်သင့် ယီမင်နိုင်ငံထဲက ဒေသအတော်များများကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တို့ရဲ့ ပင်လယ်နီထဲသင်္ဘောတွေကို နိုဝင်ဘာလောက်က စတင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ ဂါဇာဒေသထဲက ပါလက်စတိုင်းတို့ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ဟူသီတို့က ပြောပါတယ်။ ဟူသီသူပုန်တို့ရဲ့တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကုန်စည် ၁၂ ရာခိုင်နှုန်းလောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ ပင်လယ်နီရေလမ်းကြောင်းကို ပို့ဆောင်ရေးကုမ္ပဏီကြီးတွေ ရှောင်ကွင်းလာကြပြီး တခြားလမ်းကြောင်းတွေကနေ ကုန်စည်တွေပို့ဆောင်လာကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG