သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်နိုင်ငံအတွင်းက ဟူသီသူပုန် ပစ်မှတ်တွေ အမေရိကန်နဲ့ ဗြိတိန်တိုက်ခိုက်


 ပင်လယ်နီထဲမှာ ဟူသီသူပန်တွေက ကုန်တင်သင်္ဘာတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကို HMS Diamond ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောကနေ ပစ်ချနေ။ (ဓာတ်ပုံ- ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန/ ဇန်နဝါရီ ၁၀၊ ၂၀၂၄)
ပင်လယ်နီထဲမှာ ဟူသီသူပန်တွေက ကုန်တင်သင်္ဘာတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကို HMS Diamond ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောကနေ ပစ်ချနေ။ (ဓာတ်ပုံ- ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန/ ဇန်နဝါရီ ၁၀၊ ၂၀၂၄)

ယီမင်နိုင်ငံထဲက အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေ လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ဖြတ်သန်းသွားတဲ့ နိုင်ငံတကာကုန်တင်င်္ဘောတွေကို မကြာသေးခင်ရက်ပိုင်းအတွင်း ဟူသီသူပုန်တွေ အကြိမ်နှစ်ဒါဇင်ကျော်
တိုက်ခိုက်ခဲ့တာကြောင့် အခုလို တုံ့ပြန်တိုက်ခိုက်တာပါ။

ကြာသပတေးနေ့မှာတင် ဟူသီသူပုန်တွေရဲ့ပစ်မှတ်တွေဖြစ်တဲ့ လေ့ကျင့်ရေးစခန်း၊ လေယာဉ်ကွင်းတွေနဲ့ အဝေးထိန်းဒရုန်းတွေ သိုလှောင်ထားတဲ့နေရာတွေကို တဒါဇင်ကျော်ကို အမေရိကန်နဲ့ ဗြိတိန်စစ်တပ်က တိုက်ခိုက်ခဲ့တဲ့အကြောင်း အမည်မဖေါ်လိုသူ အမေရိကန်စစ်တပ် အရာရှိတဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံအတွင်းမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ပစ်မှတ်တွေကို ပထမဆုံးအကြိမ် အမေရိကန်နဲ့ဗြိတိန်တပ်ဖွဲ့တွေက တိုက်ခိုက်တာပါ။

အောက်တိုဘာ ၇ ရက် ဂါဇာမှာ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တဲ့ အချိန်ကတည်းက ဟားမတ်စ် စစ်သွေးကြွတွေကို ထောက်ခံတဲ့အကြောင်း ပြသပြီး နိုဝင်ဘာလ တတိယပိတ်အတွင်းကစပြီး ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို ဟူသီသူပုန်တွေ တိုက်ခိုက်ခဲ့ပါတယ်။ ၂၇ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကြာသပတေးနေ့ မနက်ကလည်း အေဒင်ပင်လယ်ကွေ့မှာသင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နဲ့ ကုန်တင်သင်္ဘောတစီးကို တိုက်ခိုက်ခဲ့ပါတယ်။ ကုန်တင်သင်္ဘောနားကို ဒုံးကျည်ကျပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးမှုတော့ မရှိပါဘူး။

ဟူသီသူပုန်တွေဘက်က ပစ်ခတ်တဲ့မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်ရေး အဝေးထိန်းဒရုန်းတွေကို အမေရိကန် ဂျက်လေယဉ်တွေနဲ့ ဗြိတိန်ရေတပ် စစ်သင်္ဘောတွေပေါ်ကနေ ပစ်ချခဲ့ပါတယ်။ ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့အတွက် အကျိုးဆက်တွေ ရင်ဆိုင်ရမယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဟူသီသူပုန်တွေကို ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။

XS
SM
MD
LG