သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယေမင်က ဟူသီဒရုန်းတွေကို ပင်လယ်နီမှာ ကန်ပစ်ချ 


USS Carney në Gjirin Souda, Greqi
USS Carney në Gjirin Souda, Greqi

ယေမင်က ဟူသီဒရုန်းတွေကို ပင်လယ်နီမှာ ကန်ပစ်ချ

ယေမင်နိုင်ငံ ဟူသီ Houthi သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာထဲကနေ ပစ်ခတ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ ဒရုန်းတွေကို ပင်လယ်နီထဲမှာရှိတဲ့ အမေရိကန် ဖျက်သင်္ဘောကနေ ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဘက် တာဝန်ရှိသူတွေကစနေနေ့တုန်းက ထုတ်ပြန်ပါတယ်။

ဒရုန်း ၁၄ စင်းကို ပစ်ချနိုင်ခဲ့ပြီး ပင်လယ်နီထဲက သင်္ဘောတွေ ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ဆိုပါတယ်။ အီရန် ကြောထောက်နောက်ခံ ပေးထားတဲ့ ယေမင်နိုင်ငံက ဟူသီသူပုန်တွေဟာ အစ္စရေး−ဟားမတ်ပဋိပက္ခ စတင်ချိန်ကတည်းက အစ္စရေးကို ဒရုန်းတွေ မစ်ဇိုင်းတွေနဲ့ ပစ်ခတ်နေခဲ့တာပါ။

တချိန်တည်းမှာပဲ ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို ရည်ရွယ် ပစ်ခတ်တဲ့ ဒရုန်တစင်းကို စနေနေ့က ဗြိတိသျှ စစ်သင်္ဘောတစင်းကလည်း ပစ်ချနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဌာနက ပြောပါတယ်။ အစ္စရေး−ဟားမတ် စစ်ဖြစ်နေစဉ်အတွင်း ကမ္ဘာ့အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ပင်လယ်နီအတွင်း ဖြတ်သန်းသွားတဲ့ ကုန်တင်သင်္ဘောတွေကို ယေမင်နိုင်ငံ ဟူသီသူပုန်တွေက တိုးမြှင့် တိုက်ခိုက်လာနေပါတယ်။

အဓိက ကတော့ အစ္စရေးနဲ့ပတ်သက်တဲ့ သင်္ဘောတွေကို တိုက်ခိုက်တယ် ဆိုပေမယ့်လည်း နော်ဝေး၊ လိုက်ဘေးရီးယား၊ ဂျာမန် သင်္ဘောတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ရေကြောင်းကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ MSC ကုမ္ပဏီကတော့ သူ့ရဲ့ သင်္ဘောတစင်း တိုက်ခိုက်ခံရပြီးနောက် စူးအက်တူးမြောင်းကို ဖြတ်ပြီး သင်္ဘောတွေ မသွားတော့ဘူးလို့ စနေနေ့က ကြေငြာပါတယ်။ ထို့အတူ ဂျာမဏီအခြေစိုက် Maersk ကုမ္ပဏီကလည်း သောကြာနေ့တုန်းကကြေငြာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG