သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူပုန်တွေနဲ့ ဆွေးနွေးဖို့ ဆော်ဒီအဖွဲ့ ယီမင်မြို့တော်ရောက်ရှိ


ဟိုသီသူပုန်တွေနဲ့ဆွေးနွေးဖို့ ယီမင်နိုင်ငံရောက်နေတဲ့ ယီမင်ဆိုင်ရာ ဆော်ဒီနဲ့ အိုမာနီ ကိုယ်စားလှယ်အဖွဲ့တို့ကို ယီမင်နိုင်ငံမြို့တော် ဆာနားက ရီပတ်ဘလီကင်နန်းတော်မှာ ရောက်ရှိစဉ်။ (ဧပြီ ၁၀၊ ၂၀၂၃)
ဟိုသီသူပုန်တွေနဲ့ဆွေးနွေးဖို့ ယီမင်နိုင်ငံရောက်နေတဲ့ ယီမင်ဆိုင်ရာ ဆော်ဒီနဲ့ အိုမာနီ ကိုယ်စားလှယ်အဖွဲ့တို့ကို ယီမင်နိုင်ငံမြို့တော် ဆာနားက ရီပတ်ဘလီကင်နန်းတော်မှာ ရောက်ရှိစဉ်။ (ဧပြီ ၁၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

ယီမင်နိုင်ငံတွင်း ၉ နှစ်ကြာပြည်တွင်းစစ်အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ နိုင်ငံတကာကြိုးပမ်းမှု အစိတ်အပိုင်းတရပ်အနေနဲ့ အီရန်နောက်ခံပေးထားတဲ့ Houti သူပုန်တွေနဲ့ဆွေးနွေးဖို့ ဆော်ဒီတာဝန်ရှိသူတွေ ယီမင်မြို့တော်ကို ရောက်ရှိနေပါတယ်။ ယီမင်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး Mohammed bin Saeed Al-Jaber ဦးဆောင်တဲ့ ဆော်ဒီအာရေးဗီးယား ကိုယ်စားလှယ်အဖွဲ့ဟာ Houthi ဗဟိုနိုင်ငံရေးကောင်စီအကြီးအကဲ Mahdi al-Mashat နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ Houti သူပုန်တွေထုတ်လွှင့်တဲ့ SABA သတင်းဌာနက ကြေညာပါတယ်။

စနေနေ့တုန်းက ယီမင်မြို့တော် Sannaa ကို ရောက်ရှိလာတဲ့ အိုမန်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကလည်း ဒီဆွေးနွေးပွဲတက်ဖို့ရှိတယ်လို့ အမည်မဖော်တဲ့အရင်းအမြစ်ကို ကိုးကားပြီး SABA သတင်းဌာနက ကြေညာသွားပါတယ်။ ဒေသတွင်း အားလုံးပါဝင်ပြီး တာရှည်ခိုင်ခံမယ့် ငြိမ်းချမ်းရေးတခုရလာဖို့နည်းလမ်းတွေကို ဆော်ဒီနဲ့ အိုမန် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ Houti ခေါင်းဆောင်တဦးဖြစ်တဲ့ Mohammed al-Bukait က တွစ်တာမှာရေးသားပါတယ်။

ဆော်ဒီနဲ့ Houthis ကြား ငြိမ်းချမ်းရေးရရှိမှုဟာ နှစ်ဘက်လုံးအတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး သမိုင်းစာမျက်နှာဟောင်းကိုဖယ်ပြီး ငြိမ်းချမ်းရေးရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ယီမင်ဆိုင်ရာ ကုလကိုယ်စားလှယ်ရုံးဘက်က တစုံတရာမှတ်ချက်မပေးသလို ဆော်ဒီဘက်ကလည်း တုံ့ပြန်မှု ထွက်မလာသေးပါဘူး။

ယီမင်နိုင်ငံပြည်တွင်းစစ်မှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့အစိုးရဟာ နိုင်ငံတောင်ပိုင်းကို ထွက်ပြေးရပြီး နောက်ပိုင်း ဆော်ဒီအာရေးဗီးယားနိုင်ငံထဲမှာ ပြည်ပရောက်အစိုးရအဖြစ် ရပ်တည်နေတာပါ။ အဲဒီနောက် ယီမန်ပြည်တွင်းစစ်ဟာ ဆော်ဒီနဲ့ အီရန်ကြား ဒေသတွင်း တဆင့်ခံစစ်ပွဲအသွင် ပြောင်းလာခဲ့ပါတယ်။

အောက်တိုဘာလမှာကုန်ဆုံးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အသက်ပြန်သွင်းဖို့ ဆော်ဒီနဲ့ Houthis တို့ကြား ပြီးခဲ့တဲ့လက သဘောတူညီချက်မူကြမ်းတရပ်ရခဲ့ပါတယ်။ ဒီ သဘောတူညီချက်ဟာ ယီမင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေပြန်စနိုင်ဖို့ မျှော်လင့်ထားတာလို့ ဆော်ဒီနဲ့ ယီမင်တာဝန်ရှိသူတွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

{{Unicode}}







XS
SM
MD
LG