(Zawgyi/ Unicode)
အေမရိကန္ သမၼတ Joe Biden ရဲ႕ အမ်ိဳးသား လံုျခံဳေရး အၾကံေပး Jake Sullivan ဟာ ေဆာ္ဒီအာေရဗ် ႏိုင္ငံကို တနလာၤေန႔မွာ သြားေရာက္ၿပီး အိမ္ေရွ႕မင္းသား Mohammed bin Salman နဲ႔ ေတြ႕ဆံုမွာ ျဖစ္ပါတယ္။
ဒီအခ်ိန္ဟာ ေဆာ္ဒီအာေရဗ် အစိုးရနဲ႔ ဟူသီ သူပုန္တို႔ၾကား ယီမင္ႏိုင္ငံမွာ ႏွစ္ရွည္လမ်ား ျဖစ္ပြားေနတဲ႔ စစ္ပြဲကို ရပ္ဆိုင္းဖို႔ အေမရိကန္ ျပည္ေထာင္စုက ဖိအားေပးေနတဲ႔ အခ်ိန္လည္း ျဖစ္ပါတယ္။
Sullivan ဟာ Biden အစိုးရ လက္ထက္ ေဆာ္ဒီအာေရဗ်ကို သြားေရာက္မယ့္ အဆင့္အျမင့္ဆံုး အရာရွိႀကီး တဦးလည္း ျဖစ္ပါတယ္။ ေဆာ္ဒီ အိမ္ေရွ႕မင္းသား အျပင္ သူ႔ရဲ႕ ညီ ေဆာ္ဒီ လက္ေထာက္ကာကြယ္ေရး ၀န္ႀကီး Khalid bin Salman နဲ႔လည္း ေတြ႕ဆံုမယ္လို႔ အမည္မေဖာ္တဲ႔ အဆင့္ျမင့္ အရာရွိႀကီး ၂ ဦးက ေျပာပါတယ္။
ဝါရွင္တန္ပိုစ္႔ သတင္းစာ ဆရာ Jamal Khashoggi ကို ၂၀၁၈ တုန္းက လုပ္ၾကံသတ္ျဖတ္မႈဟာ ေဆာ္ဒီ အိမ္ေရွ႕မင္းသားရဲ႕ အတည္ျပဳခ်က္ အရ လုပ္တယ္ဆိုတဲ႔ CIA ရဲ႕ အစီရင္ခံစာ ထြက္ေပၚလာၿပီးတဲ႔ေနာက္ Biden အစိုးရဟာ ေဆာ္ဒီ အိမ္ေရွ႕မင္းသားကို တတ္ႏိုင္သမွ် ေရွာင္ကြင္းေနတာ ျဖစ္ပါတယ္။
ဒါေပမယ့္ ကမ ၻာမွာ အရႈပ္ေထြးဆံုး ျဖစ္ႏိုင္တဲ႔ ယီမင္ စစ္ပြဲကို ေျဖရွင္းဖို႔ ဆိုရင္ ေဆာ္ဒီ ႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသားနဲ႔ မ်က္ႏွာခ်င္းဆိုင္ မေတြ႕ဆံုဘဲ မျဖစ္ႏိုင္ဘူးလို႔ အေမရိကန္ အဆင့္ျမင့္ အရာရွိႀကီး တဦးက ေျပာပါတယ္။
အေမရိကန္ အမ်ိဳးသား လံုျခံဳေရး အၾကံေပး Sullivan ဟာ ဒီခရီးစဥ္ အတြင္း ေဆာ္ဒီအာေရဗ် အျပင္ သူ႔ရဲ႕ မဟာမိတ္ ျဖစ္တဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE ကိုလည္း သြားေရာက္မွာ ျဖစ္ေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။
(Unicode)
ကန် အမျိုးသားလုံခြုံရေး အကြံပေး ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ တွေ့မည်
အမေရိကန် သမ္မတ Joe Biden ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan ဟာ ဆော်ဒီအာရေဗျ နိုင်ငံကို တနလာၤနေ့မှာ သွားရောက်ပြီး အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ဆော်ဒီအာရေဗျ အစိုးရနဲ့ ဟူသီ သူပုန်တို့ကြား ယီမင်နိုင်ငံမှာ နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စုက ဖိအားပေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
Sullivan ဟာ Biden အစိုးရ လက်ထက် ဆော်ဒီအာရေဗျကို သွားရောက်မယ့် အဆင့်အမြင့်ဆုံး အရာရှိကြီး တဦးလည်း ဖြစ်ပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသား အပြင် သူ့ရဲ့ ညီ ဆော်ဒီ လက်ထောက်ကာကွယ်ရေး ဝန်ကြီး Khalid bin Salman နဲ့လည်း တွေ့ဆုံမယ်လို့ အမည်မဖော်တဲ့ အဆင့်မြင့် အရာရှိကြီး ၂ ဦးက ပြောပါတယ်။
ဝါရှင်တန်ပိုစ့် သတင်းစာ ဆရာ Jamal Khashoggi ကို ၂၀၁၈ တုန်းက လုပ်ကြံသတ်ဖြတ်မှုဟာ ဆော်ဒီ အိမ်ရှေ့မင်းသားရဲ့ အတည်ပြုချက် အရ လုပ်တယ်ဆိုတဲ့ CIA ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက် Biden အစိုးရဟာ ဆော်ဒီ အိမ်ရှေ့မင်းသားကို တတ်နိုင်သမျှ ရှောင်ကွင်းနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ ္ဘာမှာ အရှုပ်ထွေးဆုံး ဖြစ်နိုင်တဲ့ ယီမင် စစ်ပွဲကို ဖြေရှင်းဖို့ ဆိုရင် ဆော်ဒီ နိုင်ငံရဲ့ အိမ်ရှေ့မင်းသားနဲ့ မျက်နှာချင်းဆိုင် မတွေ့ဆုံဘဲ မဖြစ်နိုင်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီး တဦးက ပြောပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Sullivan ဟာ ဒီခရီးစဉ် အတွင်း ဆော်ဒီအာရေဗျ အပြင် သူ့ရဲ့ မဟာမိတ် ဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကိုလည်း သွားရောက်မှာ ဖြစ်ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။