သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ ယီမင္မွာ ၃၀ ေက်ာ္ေသ


ေဆာ္ဒီ ဦးေဆာင္သည့္ ညြန္႔ေပါင္းအဖြဲ႔ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ ယီမင္ႏုိင္ငံ ဆာနာၿမိဳ႕တြင္ ပ်က္စီးေနမႈမ်ားအား ၾကည့္႐ႈေနသူတဦး။ (ဇန္နဝါရီ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

ယီမင္ႏုိင္ငံ ေျမာက္ပိုင္းက ေတာင္ထူထပ္ရာ ေဒသအေပၚ စေနေန႔က ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ ေလေၾကာင္းတိုက္ခုိက္မႈေတြအတြင္း အရပ္သား ၃၀ ေက်ာ္ ေသဆံုးေၾကာင္း ကုလသမဂၢရဲ႕ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အဖြဲ႔ အႀကီးအကဲက ေျပာဆိုၿပီး တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ တိုက္ခုိက္မႈအျဖစ္ သံုးႏႈန္း ေျပာဆိုသြားပါတယ္။

ေဆာ္ဒီဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ စစ္ေလယာဥ္တစင္းကို Jawf ျပည္နယ္ထဲမွာ ပစ္ခ်ခဲ့ေၾကာင္း ယီမင္သူပုန္ ဟူသီေတြက ေျပာဆိုၿပီး နာရီပိုင္းအတြင္းမွာပဲ ေဆာ္ဒီဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔က တိုက္ခုိက္ခဲ့တာပါ။

ေသာၾကာေန႔ ေႏွာင္းပိုင္းက Tornado စစ္ေလယာဥ္ ပစ္ခ်ခံခဲ့ရၿပီးေနာက္ အဲဒီ ေဒသတြင္း ကယ္ဆယ္ေရး စစ္ဆင္ေရးမွာ ျဖစ္ႏုိင္ေျခရွိတဲ့ ပ်က္စီးမႈေတြကို စံုစမ္းေနတယ္လို႔ ညြန္႔ေပါင္းအဖြဲ႔ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး Turki al-Maliki ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေဆာ္ဒီႏုိင္ငံပိုင္ သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။

ဟူသီသူပုန္ေတြကို တိုက္ခုိက္ေနတဲ့ ယီမင္အစိုးရ တပ္ဖြဲ႔ေတြကို ေလေၾကာင္းေထာက္ပံ့မႈ ေပးေနတဲ့ေလယာဥ္ ျဖစ္တယ္လို႔လည္း Al-Maliki က ေျပာဆိုခဲ့ပါတယ္။

Tornado ေလယာဥ္ ပ်က္မက်ခင္မွာ ေလယာဥ္မွဴး ၂ ဦးက ေလယာဥ္ကေန အႏၱရာယ္မရွိဘဲ ခုန္ထြက္ႏုိင္ခဲ့ၿပီး ဟူသီေတြက သူတို႔ကို ပစ္ခတ္ခဲ့တယ္လို႔လည္း ညြန္႔ေပါင္းအဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။

ေလယာဥ္မွဴးေတြရဲ႕ အသက္အႏၱရာယ္ လံုၿခံဳမႈအတြက္ ဟူသီေတြမွာ တာ၀န္ရွိတယ္လုိ႔လည္း သူက ေျပာပါတယ္။

ယီမင္ဆိုင္ရာ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ တာ၀န္ခံ Lise Grnade ကေတာ့ al-Maslub က ေလေၾကာင္းတိုက္ခုိက္မႈအတြင္း အနည္းဆံုး အရပ္သား ၃၁ ဦး ေသဆံုးခဲ့ရၿပီး တျခားသူ ၁၂ ဦး ဒဏ္ရာရတယ္လို႔ ကနဦး ကြင္းဆင္း အစီရင္ခံစာေတြကို ကိုးကား ေျပာဆိုထားပါတယ္။

--------------------------------

(Unicode)

ဆော်ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မှာ ၃၀ ကျော်သေ

ယီမင်နိုင်ငံ မြောက်ပိုင်းက တောင်ထူထပ်ရာ ဒေသအပေါ် စနေနေ့က ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃၀ ကျော် သေဆုံးကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ အကြီးအကဲက ပြောဆိုပြီး တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုအဖြစ် သုံးနှုန်း ပြောဆိုသွားပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ စစ်လေယာဉ်တစင်းကို Jawf ပြည်နယ်ထဲမှာ ပစ်ချခဲ့ကြောင်း ယီမင်သူပုန် ဟူသီတွေက ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပဲ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

သောကြာနေ့ နှောင်းပိုင်းက Tornado စစ်လေယာဉ် ပစ်ချခံခဲ့ရပြီးနောက် အဲဒီ ဒေသတွင်း ကယ်ဆယ်ရေး စစ်ဆင်ရေးမှာ ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးမှုတွေကို စုံစမ်းနေတယ်လို့ ညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Turki al-Maliki ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဟူသီသူပုန်တွေကို တိုက်ခိုက်နေတဲ့ ယီမင်အစိုးရ တပ်ဖွဲ့တွေကို လေကြောင်းထောက်ပံ့မှု ပေးနေတဲ့လေယာဉ် ဖြစ်တယ်လို့လည်း Al-Maliki က ပြောဆိုခဲ့ပါတယ်။

Tornado လေယာဉ် ပျက်မကျခင်မှာ လေယာဉ်မှူး ၂ ဦးက လေယာဉ်ကနေ အန္တရာယ်မရှိဘဲ ခုန်ထွက်နိုင်ခဲ့ပြီး ဟူသီတွေက သူတို့ကို ပစ်ခတ်ခဲ့တယ်လို့လည်း ညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

လေယာဉ်မှူးတွေရဲ့ အသက်အန္တရာယ် လုံခြုံမှုအတွက် ဟူသီတွေမှာ တာဝန်ရှိတယ်လို့လည်း သူက ပြောပါတယ်။

ယီမင်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ တာဝန်ခံ Lise Grnade ကတော့ al-Maslub က လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၁ ဦး သေဆုံးခဲ့ရပြီး တခြားသူ ၁၂ ဦး ဒဏ်ရာရတယ်လို့ ကနဦး ကွင်းဆင်း အစီရင်ခံစာတွေကို ကိုးကား ပြောဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG