သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် Hothi သုပုန်တွေ Hodeida က စတင်ဆုတ်ခွါ


ကုလသမဂ္ဂငြိမ်းချမ်းရေး သဘောတူညီချက်အရ ယီမင်နိုင်ငံက Hodeida၊ Salif နဲ့ Ras-Issa ဆိပ်ကမ်းတွေကနေ ဟူသီသူပုန်တို့ စနေနေ့မှာ စတင်ဆုတ်ခွာလာကြပါတယ်။

ဟူသီသူပုန်တွေ တပ်ဆုတ်မှုကို စနေနေ့မှာ စတင်ပြီး အင်္ဂါနေ့မှာ အပြီးသတ် တပ်ဆုတ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ တပ်ဆုတ်ရေးဆိုင်ရာ ကော်မတီ RCC ဥက္ကဋ္ဌ Michael Lollesgaard က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ဆိပ်ကမ်းတွေကနေ တပ်ဆုတ်မှုကို ဒေသစံတော်ချိန်မနက် ၁၀ နာရီမှာ စတင်ခဲ့ကြောင်း သူပုန်ခေါင်းဆောင် တယောက်က ပြောပါတယ်။

ယီမင်စစ်ပွဲမှာ ပါဝင်နေသူတွေအားလုံးကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိရေးနဲ့ ဆိပ်ကမ်းမြို့ ၃ ခုကနေ တပ်ဆုတ်ရေး သဘောတူထားတဲ့ Hodeida သဘောတူညီချက်က စစ်ပွဲပြီးဆုံးရေးအတွက် လက်တွေ့ကျတဲ့ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း Lollesgaard ပြောပါတယ်။

ဒီလို တပ်ဆုတ်မှုနောက်ပိုင်း ပါဝင်သူအားလုံး ကတိပြုထားတဲ့အတိုင်း ပွင့်လင်းမြင်သာပြီး ရေရှည်ခံတဲ့ လုပ်ရပ်တွေကို သန္ဒိဌာန်ချလုပ်ဆောင်ရမယ့်အကြောင်း သူက ဆက်ပြောပါတယ်။

Hodeida သဘောတူညီချက်ကို အပြည့်အဝ လုပ်ဆောင်ခြင်းဖြင့် ယီမင်နိုင်ငံသား သန်းနဲ့ချီလိုအပ်နေတဲ့ အသက်ကယ်နိုင်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်မှာ ဖြစ်ကြောင်း Lollesgaard က ဖြည့်စွက်ပြောဆိုပါတယ်။

ယီမင်နိုင်ငံတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိနိုင်မယ့် ရည်မှန်းချက်ပြည့်မီဖို့ ဆက်လက်ထောက်ပံ့သွားမယ့်အကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

ယီမင် Hothi သုပုန်တွေ Hodeida က စတင်ဆုတ်ခွါ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG