သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡအတြင္း အရပ္သားပစ္မွတ္ကို ပစ္ခတ္ျခင္း စစ္ရာဇဝတ္မႈ ေျမာက္ႏိုင္


ေဆာ္ဒီ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ ပ်က္စီးသြားတဲ့ Sanaa ၿမိဳ႕က လူေနအေဆာက္အဦတခု။ (ဇန္နဝါရီ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

ႏွစ္ဖက္ တိုက္ပြဲေတြ ျပင္းထန္လာတဲ့ ယီမင္ႏုိင္ငံမွာ အရပ္သားေတြနဲ႔ အရပ္သား ပစ္မွတ္ေတြကို အေၾကာင္းမဲ့ တိုက္ခိုက္ေနၾကတာက စစ္ရာဇဝတ္မႈ ေျမာက္ေစတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက စစ္ပြဲမွာ ပါဝင္ေနသူ အားလုံးကို သတိေပးလိုက္ပါတယ္။ ဂ်ီနီဗာၿမိဳ႕ကေန Lisa Schlein ေပးပို႔လာတဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာပါ။

ယီမင္ႏုိင္ငံမွာ ဒီလထဲ ႏွစ္ဖက္ အျပန္အလွန္ တိုက္ခိုက္မႈေတြ တိုးလာေနတာပါ။ အီရန္က ေထာက္ခံမႈေပးထားတဲ့ ဟူသီသူပုန္ေတြက ဒုံးက်ည္ေတြ၊ ဗုံးတင္ေဆာင္ထားတဲ့ ဒ႐ုန္းယာဥ္ေတြနဲ႔ UAE အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုကို တိုက္ခိုက္ခဲ့ခ်ိန္ကစၿပီး တိုက္ပြဲေတြ ျပင္းထန္လာပါတယ္။ ဒီတိုက္ပြဲအတြင္း လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။

အဲဒီတိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစိုးရ ေထာက္ခံမႈေပးထားတဲ့ ေဆာ္ဒီဦးေဆာင္ေသာ ၫြန႔္ေပါင္းတပ္က ယီမင္ၿမိဳ႕ေတာ္ Sanaa ကို ျပန္လည္တိုက္ခိုက္ခဲ့ၿပီး မိသားစုတခုတည္းမွာတင္ အနည္းဆုံး ၅ ဦး ေသဆုံးခဲ့ပါတယ္။ အဆုံးမသတ္ႏုိင္ေသးတဲ့ ၇ ႏွစ္ၾကာ စစ္ပြဲအတြင္း ဒီလို ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေနာက္ထပ္ ယီမင္ အရပ္သားေသဆုံးမႈ တိုးလာမွာကို ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက စိုးရိမ္ေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းထဲ ႏွစ္ဖက္တပ္ေတြရဲ႕ ဒါဇင္နဲ႔ခ်ီတဲ့ ေလေၾကာင္းတိုက္ခိုက္မႈ၊ အေျမာက္နဲ႔ပါ ပစ္ခတ္မႈေတြကို ၾကည့္ရင္ အရပ္သားေတြ ေဘးကင္းလုံၿခဳံေရးကို ထည့္မတြက္ဘူးဆိုတာ သိသာလွတယ္လို႔ ကုလ လူ႔အခြင့္အေရး႐ုံး ေျပာခြင့္ရ အမ်ိဳးသမီး Ravina Shamdasani က ေျပာပါတယ္။

"ဒီတိုက္ခိုက္မႈေတြက အရပ္သားပိုင္ဆိုင္မႈေတြကို ပ်က္စီးဆုံး႐ႈံးေစသလို မရွိမျဖစ္ အေရးပါတဲ့ ဆက္သြယ္ေရး တာဝါလို၊ ေရသိုေလွာင္ကန္လို၊ Sanaa နဲ႔ Taizz ၿမိဳ႕ေတြက ေဆး႐ုံလို ေနရာမ်ိဳးကိုပါ ပ်က္စီးေစခဲ့ပါတယ္။ ေရွ႕တန္းတပ္ဖြဲ႔ေတြ အလ်င္အျမန္ ေရႊ႕ေျပာင္းသြားခ်ိန္မွာ က်န္ခဲ့တဲ့ ေျမျမႇဳပ္မိုင္းေတြေၾကာင့္ အရပ္သားေတြအတြက္ အႏၲရာယ္ ရွိေနတာပါ။"

ဟူသီသူပုန္ေတြနဲ႔ ေဆာ္ဒီ ၫြန႔္ေပါင္းတပ္ဖြဲ႕ေတြၾကား စစ္ပြဲေတြ ျဖစ္လာခ်ိန္ကစလို႔ ပ်က္စီးေရးကိုသာ ဦးတည္ေစတဲ့ အျပန္အလွန္ တိုက္ခိုက္မႈေတြကုိ ရပ္သင့္ၿပီလို႔ Shamdasani က ႏွစ္ဖက္စလုံးကို အေလးအနက္ ေမတၱာရပ္ခံလိုက္ပါတယ္။ လတ္တေလာ တိုက္ပြဲအတြင္း အရပ္သား ၁၁ ဦး ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရသြားသလို အရပ္သြားနဲ႔ဆိုင္တဲ့ အေျခခံ အေဆာက္အဦေတြ အႀကီးက်ယ္ ပ်က္စီးခဲ့ရပါတယ္။

လူ႔အခြင့္အေရးအဖြဲ႕ေတြ ေကာက္ခံထားတဲ့ စာရင္းအရ ဇန္နဝါရီလထဲ ေဆာ္ဒီဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႔ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း ၉၀၀ ဝန္းက်င္ရွိပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံဘက္ ခ်ိန္ဆၿပီး ဒ႐ုန္းယာဥ္နဲ႔ အနည္းဆုံး ၁၀ ႀကိမ္ ဒီလထဲ တိုက္ခိုက္ခဲ့တယ္လို႔ ဟူသီသူပုန္ေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့လကဆိုရင္ အႀကိမ္ ၃၀ ေက်ာ္ရွိတာပါ။ ဒီသူပုန္ေတြဟာ ေဈးခ်ိဳတဲ့ ဒ႐ုန္းယာဥ္ေတြနဲ႔ ေဖာက္ခြဲေရးပစၥည္းေတြတင္ၿပီး ပစ္မွတ္ကို လုိက္တိုက္ခိုက္ေနပါတယ္။

အခုလို အျပန္လွန္ တုိက္ခုိက္မႈအတြင္း အရပ္သားေတြနဲ႔ သူတို႔ရဲ႕ ပိုင္ဆုိင္မႈေတြကို မထိခိုက္ေစဖို႔၊ ေဘးကင္းလုံၿခဳံေစဖို႔ သတိနဲ႔ေဆာင္ရြက္ၾကဖို႔ ကုလ လူ႔အခြင့္အေရး႐ုံးက ေတာင္းဆိုေနတာပါ။ ေမတၱာရပ္ခံေနတယ္ ဆိုေပမယ့္ ႏိုင္ငံတကာ ဥပေဒအရ ဒါဟာ မျဖစ္မေန လိုက္နာရမယ့္အခ်က္ ျဖစ္တယ္လို႔ Shamdasani က ေျပာပါတယ္။

"ဒီပဋိပကၡနဲ႔ သက္ဆိုင္ေနတဲ့ အဖြဲ႔အစည္းအားလုံး ေတြ႔ဆုံေဆြးေႏြးဖို႔ လိုပါတယ္။ စစ္ေရးဆိုင္ရာ ပစ္မွတ္ေတြကိုသာ ေရြးခ်ယ္တိုက္ခိုက္မယ္ဆိုတဲ့ အျပန္အလွန္ သေဘာတူညီမႈမ်ဳိး ထားရွိဖို႔ လိုပါတယ္။ စစ္ေရးနဲ႔မဆိုင္တဲ့ ေနရာမ်ဳိးကုိ လက္ေရွာင္ရပါလိမ့္မယ္။ တိုက္ခိုက္မႈေတြမွာလည္း အင္အားအလြန္အကၽြံ မသုံးမိဖို႔ လိုပါတယ္။ ႏုိင္ငံတကာရဲ႕ သတ္မွတ္ခ်က္ စည္းမ်ည္းေတြကို မလိုက္နာဘဲ ပ်က္ကြက္မယ္ဆုိရင္ ဒါက စစ္ရာဇဝတ္မႈ ေျမာက္ပါတယ္။"

၂၀၁၅ မတ္လက စခဲ့တဲ့ ယီမင္ျပည္တြင္းစစ္္အတြင္း လူ႔အသက္ေပါင္း ၃၈၀,၀၀၀ ေလာက္ ေသဆုံးခဲ့ရၿပီး သူတို႔ထဲက ၆၀ ရာခုိင္ႏႈန္းဟာ စစ္လက္နက္ထိမွန္ ေသဆုံးရတာမ်ဳိး မဟုတ္ဘဲ စစ္ေဘးဒဏ္ရဲ႕ ေနာက္ဆက္တြဲ ေသာက္ေရျပတ္လပ္မႈ၊ ကူးစက္ေရာဂါနဲ႔ ငတ္မြတ္မႈေတြေၾကာင့္ ေသဆုံးခဲ့တာမ်ဳိး ျဖစ္ပါတယ္။ ယီမင္ဟာ ကမၻာ့အဆိုးဝါးဆုံး စာနာမႈ အက်ပ္အတည္းကို ဆက္ႀကဳံေနရၿပီး လူဦးေရ သန္း ၃၀ ေက်ာ္မွာ သန္း ၂၀ ေက်ာ္က အေရးေပၚအကူအညီ လိုအပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပဋိပက္ခအတွင်း အရပ်သားပစ်မှတ်ကို ပစ်ခတ်ခြင်း စစ်ရာဇဝတ်မှု မြောက်နိုင်

နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ယီမင်နိုင်ငံမှာ အရပ်သားတွေနဲ့ အရပ်သား ပစ်မှတ်တွေကို အကြောင်းမဲ့ တိုက်ခိုက်နေကြတာက စစ်ရာဇဝတ်မှု မြောက်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စစ်ပွဲမှာ ပါဝင်နေသူ အားလုံးကို သတိပေးလိုက်ပါတယ်။ ဂျီနီဗာမြို့ကနေ Lisa Schlein ပေးပို့လာတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

ယီမင်နိုင်ငံမှာ ဒီလထဲ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ တိုးလာနေတာပါ။ အီရန်က ထောက်ခံမှုပေးထားတဲ့ ဟူသီသူပုန်တွေက ဒုံးကျည်တွေ၊ ဗုံးတင်ဆောင်ထားတဲ့ ဒရုန်းယာဉ်တွေနဲ့ UAE အာရပ်စော်ဘွားများပြည်ထောင်စုကို တိုက်ခိုက်ခဲ့ချိန်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ ဒီတိုက်ပွဲအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစိုးရ ထောက်ခံမှုပေးထားတဲ့ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်က ယီမင်မြို့တော် Sanaa ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး မိသားစုတခုတည်းမှာတင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။ အဆုံးမသတ်နိုင်သေးတဲ့ ၇ နှစ်ကြာ စစ်ပွဲအတွင်း ဒီလို ရမ်းသမ်းပစ်ခတ်မှုကြောင့် နောက်ထပ် ယီမင် အရပ်သားသေဆုံးမှု တိုးလာမှာကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းထဲ နှစ်ဖက်တပ်တွေရဲ့ ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှု၊ အမြောက်နဲ့ပါ ပစ်ခတ်မှုတွေကို ကြည့်ရင် အရပ်သားတွေ ဘေးကင်းလုံခြုံရေးကို ထည့်မတွက်ဘူးဆိုတာ သိသာလှတယ်လို့ ကုလ လူ့အခွင့်အရေးရုံး ပြောခွင့်ရ အမျိုးသမီး Ravina Shamdasani က ပြောပါတယ်။

"ဒီတိုက်ခိုက်မှုတွေက အရပ်သားပိုင်ဆိုင်မှုတွေကို ပျက်စီးဆုံးရှုံးစေသလို မရှိမဖြစ် အရေးပါတဲ့ ဆက်သွယ်ရေး တာဝါလို၊ ရေသိုလှောင်ကန်လို၊ Sanaa နဲ့ Taizz မြို့တွေက ဆေးရုံလို နေရာမျိုးကိုပါ ပျက်စီးစေခဲ့ပါတယ်။ ရှေ့တန်းတပ်ဖွဲ့တွေ အလျင်အမြန် ရွှေ့ပြောင်းသွားချိန်မှာ ကျန်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေအတွက် အန္တရာယ် ရှိနေတာပါ။"

ဟူသီသူပုန်တွေနဲ့ ဆော်ဒီ ညွန့်ပေါင်းတပ်ဖွဲ့တွေကြား စစ်ပွဲတွေ ဖြစ်လာချိန်ကစလို့ ပျက်စီးရေးကိုသာ ဦးတည်စေတဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကို ရပ်သင့်ပြီလို့ Shamdasani က နှစ်ဖက်စလုံးကို အလေးအနက် မေတ္တာရပ်ခံလိုက်ပါတယ်။ လတ်တလော တိုက်ပွဲအတွင်း အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရသွားသလို အရပ်သွားနဲ့ဆိုင်တဲ့ အခြေခံ အဆောက်အဦတွေ အကြီးကျယ် ပျက်စီးခဲ့ရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေ ကောက်ခံထားတဲ့ စာရင်းအရ ဇန်နဝါရီလထဲ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၀ ဝန်းကျင်ရှိပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဘက် ချိန်ဆပြီး ဒရုန်းယာဉ်နဲ့ အနည်းဆုံး ၁၀ ကြိမ် ဒီလထဲ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီသူပုန်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လကဆိုရင် အကြိမ် ၃၀ ကျော်ရှိတာပါ။ ဒီသူပုန်တွေဟာ ဈေးချိုတဲ့ ဒရုန်းယာဉ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေတင်ပြီး ပစ်မှတ်ကို လိုက်တိုက်ခိုက်နေပါတယ်။

အခုလို အပြန်လှန် တိုက်ခိုက်မှုအတွင်း အရပ်သားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မထိခိုက်စေဖို့၊ ဘေးကင်းလုံခြုံစေဖို့ သတိနဲ့ဆောင်ရွက်ကြဖို့ ကုလ လူ့အခွင့်အရေးရုံးက တောင်းဆိုနေတာပါ။ မေတ္တာရပ်ခံနေတယ် ဆိုပေမယ့် နိုင်ငံတကာ ဥပဒေအရ ဒါဟာ မဖြစ်မနေ လိုက်နာရမယ့်အချက် ဖြစ်တယ်လို့ Shamdasani က ပြောပါတယ်။

"ဒီပဋိပက္ခနဲ့ သက်ဆိုင်နေတဲ့ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေကိုသာ ရွေးချယ်တိုက်ခိုက်မယ်ဆိုတဲ့ အပြန်အလှန် သဘောတူညီမှုမျိုး ထားရှိဖို့ လိုပါတယ်။ စစ်ရေးနဲ့မဆိုင်တဲ့ နေရာမျိုးကို လက်ရှောင်ရပါလိမ့်မယ်။ တိုက်ခိုက်မှုတွေမှာလည်း အင်အားအလွန်အကျွံ မသုံးမိဖို့ လိုပါတယ်။ နိုင်ငံတကာရဲ့ သတ်မှတ်ချက် စည်းမျည်းတွေကို မလိုက်နာဘဲ ပျက်ကွက်မယ်ဆိုရင် ဒါက စစ်ရာဇဝတ်မှု မြောက်ပါတယ်။"

၂၀၁၅ မတ်လက စခဲ့တဲ့ ယီမင်ပြည်တွင်းစစ်အတွင်း လူ့အသက်ပေါင်း ၃၈၀,၀၀၀ လောက် သေဆုံးခဲ့ရပြီး သူတို့ထဲက ၆၀ ရာခိုင်နှုန်းဟာ စစ်လက်နက်ထိမှန် သေဆုံးရတာမျိုး မဟုတ်ဘဲ စစ်ဘေးဒဏ်ရဲ့ နောက်ဆက်တွဲ သောက်ရေပြတ်လပ်မှု၊ ကူးစက်ရောဂါနဲ့ ငတ်မွတ်မှုတွေကြောင့် သေဆုံးခဲ့တာမျိုး ဖြစ်ပါတယ်။ ယီမင်ဟာ ကမ္ဘာ့အဆိုးဝါးဆုံး စာနာမှု အကျပ်အတည်းကို ဆက်ကြုံနေရပြီး လူဦးရေ သန်း ၃၀ ကျော်မှာ သန်း ၂၀ ကျော်က အရေးပေါ်အကူအညီ လိုအပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG