(Zawgyi / Unicode)
ေဆာ္ဒီက အကူအညီေပးေနတဲ့ ယီမင္အစိုးရနဲ႔ ဟူသီသူပုန္ေတြၾကား တိုက္ပြဲေတြ ျဖစ္ပြါးေနတာ ၆ ႏွစ္နီးပါး ရွိလာခ်ိန္မွာ တနဂၤေႏြေန႔ကေတာ့ ႏွစ္ဖက္ အက်ဥ္းသားလဲလွယ္ေရးအတြက္ ညႇိႏႈိင္းမႈေတြကို ကုလသမဂၢ ေထာက္ပံ့မႈနဲ႔ ျပန္လည္စတင္ လုပ္ေဆာင္ခဲ့တယ္လို႔ ကုလသမဂၢနဲ႔ ယီမင္တာဝန္ရွိသူေတြက ေျပာပါတယ္။
အီရန္နဲ႔ မဟာမိတ္လုပ္ထားတဲ့ ဟူသီသူပုန္ေတြကို ႏုိင္ငံရပ္ျခား အၾကမ္းဖက္အဖြဲ႔အစည္းတခုအျဖစ္ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္ေၾကာင္း ေၾကညာခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ ဒီညႇိႏိႈ္င္းေဆြးေႏြးမႈေတြကို ေဂ်ာ္ဒန္မွာ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလိုသတ္မွတ္မႈဟာ ယီမင္က လူသားခ်င္းစာနာမႈ အေျခေနကို ပိုဆိုးေစသလို ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြကို ထိခိုက္ေစႏိုင္မယ္လို႔ ကုလသမဂၢက သတိေပးခဲ့တာပါ။
ကုလသမဂၢ စင္းလံုးငွားေလယာဥ္နဲ႔ ဟူသီအရာရွိ ၄ ဦးကို ယီမင္ႏိုင္ငံ Sanaa ကေန ေဂ်ာ္ဒန္ႏိုင္ငံ ၿမိဳ႕ေတာ္ Amman ကို ပို႔ေပးခဲ့သလို ယီမင္အစိုးရကလည္း ကိုယ္စားလွယ္ ၄ ဦး ေဂ်ာ္ဒန္ကို ေစလႊတ္ခဲ့တယ္လို႔ အစိုးရရဲ႕ အက်ဥ္းသားဆိုင္ရာ ေကာ္မတီအႀကီးအကဲ Mohammad Fadayel က ေျပာပါတယ္။
ယီမင္သမၼတ Abd-Rabbu Mansour Hadi ရဲ႕ အစ္ကိုျဖစ္သူလို ယီမင္ ထိပ္တန္းအရာရွိေတြ အပါအဝင္ အက်ဥ္းသား ၃၀၀ ေလာက္ ျပန္လႊတ္ေပးေရး အတြက္ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲကို ကုလအထူးကိုယ္စားလွယ္ Martin Griffiths က ႀကီးမွဴးၿပီး တနဂၤေႏြေန႔ မနက္ပိုင္းမွာ စတင္ခဲ့တယ္လုိ႔ အထူးကုိယ္စားလွယ္႐ုံး ေျပာခြင့္ရက ေျပာပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ အက်ဥ္းသား ၁,၀၀၀ ေလာက္ အလဲအလွယ္ လုပ္ႏိုင္ခဲ့ၾကတာပါ။
----------------------
(Unicode)
ယီမင်အစိုးရနဲ့ ဟူသီသူပုန် အကျဉ်းသားလဲလှယ်ရေး ဆွေးနွေးပွဲ ပြန်လည်စတင်ပြီ
ဆော်ဒီက အကူအညီပေးနေတဲ့ ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ၆ နှစ်နီးပါး ရှိလာချိန်မှာ တနင်္ဂနွေနေ့ကတော့ နှစ်ဖက် အကျဉ်းသားလဲလှယ်ရေးအတွက် ညှိနှိုင်းမှုတွေကို ကုလသမဂ္ဂ ထောက်ပံ့မှုနဲ့ ပြန်လည်စတင် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ယီမင်တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်နဲ့ မဟာမိတ်လုပ်ထားတဲ့ ဟူသီသူပုန်တွေကို နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်း တခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီညှိနှိုင်းဆွေးနွေးမှုတွေကို ဂျော်ဒန်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်မှုဟာ ယီမင်က လူသားချင်းစာနာမှု အခြေနေကို ပိုဆိုးစေသလို ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်မယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့တာပါ။
ကုလသမဂ္ဂ စင်းလုံးငှားလေယာဉ်နဲ့ ဟူသီအရာရှိ ၄ ဦးကို ယီမင်နိုင်ငံ Sanaa ကနေ ဂျော်ဒန်နိုင်ငံ မြို့တော် Amman ကို ပို့ပေးခဲ့သလို ယီမင်အစိုးရကလည်း ကိုယ်စားလှယ် ၄ ဦး ဂျော်ဒန်ကို စေလွှတ်ခဲ့တယ်လို့ အစိုးရရဲ့ အကျဉ်းသားဆိုင်ရာ ကော်မတီအကြီးအကဲ Mohammad Fadayel က ပြောပါတယ်။
ယီမင်သမ္မတ Abd-Rabbu Mansour Hadi ရဲ့ အစ်ကိုဖြစ်သူလို ယီမင် ထိပ်တန်းအရာရှိတွေ အပါအဝင် အကျဉ်းသား ၃၀၀ လောက် ပြန်လွှတ်ပေးရေး အတွက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ကုလအထူးကိုယ်စားလှယ် Martin Griffiths က ကြီးမှူးပြီး တနင်္ဂနွေနေ့ မနက်ပိုင်းမှာ စတင်ခဲ့တယ်လို့ အထူးကိုယ်စားလှယ်ရုံး ပြောခွင့်ရက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ အကျဉ်းသား ၁,၀၀၀ လောက် အလဲအလှယ် လုပ်နိုင်ခဲ့ကြတာပါ။