သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်နိုင်ငံတွင်း အပစ်ရပ်ကြဖို့ ကန် တိုက်တွန်း


ယီမင်နိုင်ငံမှာ ၃ နှစ်ကျော်ကြာ တိုက်ခိုက်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် အဖြေရှာနိုင်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဆွီဒင်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အားလုံးက အပစ်အခတ်ရပ်စဲပြီး၊ ပါဝင်တာကို မြင်တွေ့လိုတဲ့အကြောင်းနဲ့ ရက်ပေါင်း ၃၀ အချိန်ရတဲ့ အကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောဆိုလိုက်တာပါ။

သက်ဆိုင်သူတွေအားလုံး အပစ်အခတ် ရပ်စဲပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Martin Griffiths နဲ့ တွေ့ဆုံဖို့ မနေ့တုန်းက ဝါရှင်တန်မှာ ဝန်ကြီး Mattis က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေကို အားပေးဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဦးတည်စေဖို့ အပစ်အခတ်ရပ်စဲကြဖို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ယီမင်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ နယ်စပ်ဒေသတွေမှာ စစ်မဲ့ဇုန်တွေ ဖန်တီးဖို့၊ လက်နက်ကြီးတွေကို နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိဖို့တွေအတွက် ယုံကြည်မှုတည်ဆောက်နိုင်အောင် ရှေ့လထဲ တတိယနိုင်ငံတခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရ ရုံးစိုက်ရာ မြို့တော်အပါအဝင် နိုင်ငံရဲ့ နေရာတော်တော်များများကို အီရန်က အားပေးထောက်ခံထားတဲ့ Houthi သူပုန်တွေက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းကစလို့ယီမင်နိုင်ငံ ပဋိပက္ခမှာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ သြဇာသက်ရောက်မှုတွေလည်း လွှမ်းမိုးနေတာပါ။ ယီမင်သမ္မတ Abdu Rabu Mansour Hadi ကို အားပေးထောက်ခံတဲ့ အနေနဲ့ Houthi သူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ၂၀၁၅ ခုနှစ် မတ်လထဲမှာ လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့သလို၊ ထောင်နဲ့ချီတဲ့ တပ်တွေပို့ခဲ့တာ အပါအဝင် စစ်ရေးအရ ကူညီမှုတွေလည်း ရှိခဲ့ပါတယ်။

ယီမန်နိုင်ငံတွင်း အပစ်ရပ်ကြဖို့ ကန် တိုက်တွန်း
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG