သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ဈေး ဆော်ဒီဗုံးကြဲမှု စာနာမှုအဖွဲ့တွေ ရှုတ်ချ


ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဟူသီသူပုန်တွေကို ကြာသပတေးနေ့မှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်အများအပြား အပါအဝင် လူ ၄၃ ယောက်ထက်မနည်း သေဆုံးရတဲ့အပေါ် အမျက်ဒေါသထွက်စရာ စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် နိုင်ငံတကာ အကူအညီပေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချကြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တခြားလူ ၆၀ ကျော်လည်း ဒဏ်ရာရပါတယ်။ ဒုံးကျည်တစင်းဟာ နွေရာသီကာလဖွင့်တဲ့ ကျောင်း တကျောင်းကနေ အပန်းဖြေခရီးထွက်ပြီး ပြန်လာတဲ့ ကျောင်းသားလေးတွေပါလာတဲ့ ဘတ်စ်ကားကို ထိသွားတာပါ။

ငိုဖို့တောင် သတိမရလောက်အောင် ဘာဖြစ်မှန်းမသိဘဲ ကြက်သေသေနေပြီး တကိုယ်လုံး သွေးတွေနဲ့ဖုံးနေတဲ့ ကလေးတွေရဲ့ ရုပ်ပုံတွေကို ဆေးရုံတခုမှာရိုက်ယူထားတဲ့ ရုပ်သံမြင်ကွင်းတွေမှာ တွေ့ကြရပါတယ်။ တချို့ကတော့ ဒဏ်ရာကြောင့် နာကျင်တဲ့ ဝေဒနာကို ဆေးရုံကြမ်းပြင်ပေါ်မှာ လူးလိမ့်ခံစားရင်း ကုသပေးမှုခံယူဖို့ စောင့်နေကြရပါတယ်။

ဒုက္ခသည်ဆိုင်ရာ နော်ဝေးကောင်စီ NRC အကြီးအကဲ Jan Egeland က ဒါဟာ “လုံးဝကို မနှစ်မြို့ဖွယ်၊ ရှက်ရွံ့ဖွယ်၊ ဒေါသထွက် ဖွယ်” ပဲလို့ Twitter မှာရေးပါတယ်။ “အပြစ်မဲ့ ကျောင်းသားလေးတွေပါလာတဲ့ ဘတ်စ်ကားကို တိုက်ခိုက်တာဟာ စစ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဗြောင်ကျကျ ပစ်ပယ်လိုက်တာဖြစ်တယ်” လို့လည်းပြောပါတယ်။

Save the Children နဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့လို လူသားစာနာမှုအကူအညီပေး အဖွဲ့တွေကလည်း အပြင်းအထန် ပြစ်တင် ရှုတ်ချကြပါတယ်။

ယီမင်နိုင်ငံမှာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တိုက်ခိုက်တဲ့အပေါ် အမေရိကန်က ထောက်ခံပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG