သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီညွှန့်ပေါင်းတပ် ဗုံးကြဲမှု ယီမင် ရှိ MSF ဆေးရုံ ထိမှန်


ဆော်ဒီညွှန့်ပေါင်းတပ် ဗုံးကြဲမှုယီမင် ရှိ MSF ဆေးရုံ ထိမှန်
ဆော်ဒီညွှန့်ပေါင်းတပ် ဗုံးကြဲမှုယီမင် ရှိ MSF ဆေးရုံ ထိမှန်

ယီမင်နိုင်ငံက ဟူသီသူပုန်ပစ်မှတ်တွေအပေါ် တိုက်ခိုက်နေတဲ့ Saudi Arabia နိုင်ငံဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ယီမင်မြောက်ပိုင်း Hajja ပြည်နယ်က ဆေးရုံတခုကို ထိမှန်ခဲ့ပြီး ၁၀ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။

၁၁ ယောက်သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များ ပရဟိတအဖွဲ့ MSF ကပြောပါတယ်။ အဲဒီဆေးရုံဟာ MSF က ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ ကြီးကြပ်ကုသပေးနေတဲ့ ဆေးရုံဖြစ်ပါတယ်။ စနေနေ့တုန်းကလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း အိမ်နီးချင်း Saada ပြည်နယ်က ကျောင်းတခုထိမှန်ခဲ့တဲ့အတွက် ၁၀ ယောက်သေဆုံးပြီး နောက်ထပ် ၂၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့သူတွေဟာ အသက် ၈ နှစ်ကနေ ၁၅ နှစ်ကြား ဖြစ်တယ်လို့ MSF က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေကြောင့် သမ္မတ Abdu Rabu Mansour Hadi ရဲ့ အစိုးရအဖွဲ့ မြို့တော်ထဲကနေ ထွက်သွားခဲ့ရပြီးနောက် သမ္မတကို ထောက်ခံတဲ့အနေနဲ့ Saudi ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြာင်းတိုက်ခိုက်မှုတွေကို ၂၀၁၅ ခုနှစ်ထဲက စတင်ပြုလုပ်နေတာဖြစ်ပါတယ်။

ဆော်ဒီညွှန့်ပေါင်းတပ် ဗုံးကြဲမှု ယီမင် ရှိ MSF ဆေးရုံ ထိမှန်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG