သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယီမင္ ျပည္တြင္းစစ္ အပစ္ရပ္ေရး ေဆာ္ဒီကမ္းလွမ္း


ယီမင္ ျပည္တြင္းစစ္

(Zawgyi/Unicode)
ယီမင္ႏိုင္ငံမွာ ကာလၾကာရွည္ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္အတြက္ အပစ္အခတ္ရပ္စဲၾကဖို႔ ေဆာ္ဒီအာေရဗ် ႏိုင္ငံက တနလၤာေန႔မွာ ကမ္းလွမ္းလိုက္ပါတယ္။ ဒါေပမယ့္ အခုလို ကမ္းလွမ္းခ်က္ဟာ ဘာမွ အသစ္အဆန္းမဟုတ္သလို ထိေရာက္မႈလည္း ရွိမွာ မဟုတ္ဖူးလို႔ ေျပာၾကားၿပီး ဟူသီသူပုန္ေတြ ဘက္က လက္ခံခ်င္ပံု မရပါဘူး။

အခုလို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အပစ္အခတ္ရပ္စဲၿပီးရင္ Sana က ေလယာဥ္ကြင္းကို ျပန္ဖြင့္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေဆာ္ဒီအာေရဗ်အစိုးရက ေျပာပါတယ္။

ဒီေလယာဥ္ကြင္းဟာ အီရန္ေတြအကူညီေပးေနတဲ့ ဟူသီသူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမထဲမွာ ရွိတာျဖစ္ေပမယ့္ ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ မဟာမိတ္ေတြ အကူညီေပးေနတဲ့ ယီမင္သမၼတ Abd Rabbu Mansour Hadi အစိုးရက ေဝဟင္ကို ထိန္းခ်ဳပ္ထားတာ ျဖစ္ၿပီး ဒီေလယာဥ္ကြင္းမွာ ေလေၾကာင္းအဝင္အထြက္ မရွိေအာင္ ပိတ္ထားတာ ႏွစ္နဲ႔ခ်ီေနၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ယီမင္ႏိုင္ငံ Hodeidah ပင္လယ္ဆိပ္ကမ္းက ရတဲ့ အခြန္အခေတြအတြက္ ယီမင္အစိုးရဘက္ကေရာ သူပုန္အဖြဲ႔ဘက္ကပါ အသြင္းအထုတ္လုပ္ႏိုင္ဖို႔ ယီမင္ဗဟိုဘဏ္မွာ ပူးတြဲေငြစာရင္း ဖြင့္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေဆာ္ဒီအာေရဗ်ဘက္က ကမ္းလွမ္းခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ Stockholm မွာ ျပဳလုပ္တဲ့ ၫွိႏႈိင္းမႈေတြ အရ ဒါကို ယီမင္အစိုးရဘက္ကေရာ သူပုန္အဖြဲ႔ဘက္ကပါ သေဘာတူခဲ့တာ ျဖစ္ေပမယ့္ အျပည့္အဝေတာ့ အေကာင္ထည္ မေဖၚႏိုင္ခဲ့ပါဘူး။

အခု ကမ္းလွမ္းခ်က္ေတြ အတြက္ ၂ ဖက္ သေဘာတူညီမႈ ရခဲ့ရင္ေတာ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ဆက္လုပ္မွာ ျဖစ္ေၾကာင္း နဲ႔ ဒါဟာ ဟူသီေတြ အေပၚမွာပဲ မူတည္တယ္လို႔ ေဆာ္ဒီႏိုင္ငံျခားေရးဝန္ႀကီး Faisal bin Farhan Al Saud က Riyadh မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္း ပြဲမွာ ေျပာၾကားခဲ့တာပါ။

ဒီေၾကညာခ်က္အတြက္ သမၼတ Hadi အစိုးရက ႀကိဳဆိုခဲ့ေပမယ့္ ယီမင္ပိုင္နက္ေျမ ၇၀ % ေလာက္ကိုထိမ္းခ်ဳပ္ထားတဲ့ ဟူသီသူပုန္ေတြကေတာ့ စိတ္ဝင္စားမႈ သိပ္မျပေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ယီမင် ပြည်တွင်းစစ် အပစ်ရပ်ရေး ဆော်ဒီကမ်းလှမ်း
(Unicode)
ယီမင်နိုင်ငံမှာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် အပစ်အခတ်ရပ်စဲကြဖို့ ဆော်ဒီအာရေဗျ နိုင်ငံက တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမယ့် အခုလို ကမ်းလှမ်းချက်ဟာ ဘာမှ အသစ်အဆန်းမဟုတ်သလို ထိရောက်မှုလည်း ရှိမှာ မဟုတ်ဖူးလို့ ပြောကြားပြီး ဟူသီသူပုန်တွေ ဘက်က လက်ခံချင်ပုံ မရပါဘူး။

အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီးရင် Sana က လေယာဉ်ကွင်းကို ပြန်ဖွင့်နိုင်မှာ ဖြစ်ကြောင်းလည်း ဆော်ဒီအာရေဗျအစိုးရက ပြောပါတယ်။

ဒီလေယာဉ်ကွင်းဟာ အီရန်တွေအကူညီပေးနေတဲ့ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ရှိတာဖြစ်ပေမယ့် ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေ အကူညီပေးနေတဲ့ ယီမင်သမ္မတ Abd Rabbu Mansour Hadi အစိုးရက ဝေဟင်ကို ထိန်းချုပ်ထားတာ ဖြစ်ပြီး ဒီလေယာဉ်ကွင်းမှာ လေကြောင်းအဝင်အထွက် မရှိအောင် ပိတ်ထားတာ နှစ်နဲ့ချီနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ယီမင်နိုင်ငံ Hodeidah ပင်လယ်ဆိပ်ကမ်းက ရတဲ့ အခွန်အခတွေအတွက် ယီမင်အစိုးရဘက်ကရော သူပုန်အဖွဲ့ဘက်ကပါ အသွင်းအထုတ်လုပ်နိုင်ဖို့ ယီမင်ဗဟိုဘဏ်မှာ ပူးတွဲငွေစာရင်း ဖွင့်နိုင်မှာ ဖြစ်ကြောင်းလည်း ဆော်ဒီအာရေဗျဘက်က ကမ်းလှမ်းခဲ့တာပါ။ ၂၀၁၈ ခုနှစ် Stockholm မှာ ပြုလုပ်တဲ့ ညှိနှိုင်းမှုတွေ အရ ဒါကို ယီမင်အစိုးရဘက်ကရော သူပုန်အဖွဲ့ဘက်ကပါ သဘောတူခဲ့တာ ဖြစ်ပေမယ့် အပြည့်အဝတော့ အကောင်ထည် မဖေါ်နိုင်ခဲ့ပါဘူး။

အခု ကမ်းလှမ်းချက်တွေ အတွက် ၂ ဖက် သဘောတူညီမှု ရခဲ့ရင်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မှာ ဖြစ်ကြောင်း နဲ့ ဒါဟာ ဟူသီတွေ အပေါ်မှာပဲ မူတည်တယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က Riyadh မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားခဲ့တာပါ။

ဒီကြေညာချက်အတွက် သမ္မတ Hadi အစိုးရက ကြိုဆိုခဲ့ပေမယ့် ယီမင်ပိုင်နက်မြေ ၇၀ % လောက်ကိုထိမ်းချုပ်ထားတဲ့ ဟူသီသူပုန်တွေကတော့ စိတ်ဝင်စားမှု သိပ်မပြသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG