သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီအတွင်း ဟူသီတို့က ကုန်တင်သင်္ဘောတွေ တိုက်ခိုက်နေမှု လုံခြုံရေးကောင်စီ ဆွေးနွေးမည်


Houthi Media Center ထုတ်ပြန်ထားသည့် ပင်လယ်နီထဲက Galaxy Leader ကုန်တင်သင်္ဘောကို ဟူသီသုပုန်တွေ ဝင်ရောက်စီးနင်းနေသည့်ပုံ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
Houthi Media Center ထုတ်ပြန်ထားသည့် ပင်လယ်နီထဲက Galaxy Leader ကုန်တင်သင်္ဘောကို ဟူသီသုပုန်တွေ ဝင်ရောက်စီးနင်းနေသည့်ပုံ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ပင်လယ်နီအတွင်း အဓိက ကုန်သွယ်ရေး ရေလမ်းကြောင်းမှာ သွားလာနေတဲ့ သင်္ဘောတွေကို ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွတွေက ဆက်တိုက် တိုက်ခိုက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

မနှစ်အောက်တိုဘာလကတည်း ပင်လယ်နီမှာသွားနေတဲ့သင်္ဘောတွေကို မောင်းသူမဲ့ ဒရုံးယာဉ်တွေ၊ ဒုံးကျည်တွေအပြင် စက်လှေတွေပါ အသုံးပြုပြီး ဟူသီစစ်သွေးကြွတွေက တိုက်ခိုက်နေတာပါ။ သူတို့ပစ်မှတ်ထားတိုက်ခိုက်တဲ့ သင်္ဘောတွေဟာ အစ္စရေးနဲ့ ဆက်နွယ်နေတာ၊ ဒါမှမဟုတ် အစ္စရေးကို သွားမယ့်သင်္ဘောတွေဖြစ်တယ်လို့ ဟူသီတွေက စွပ်စွဲပြောဆိုထားပါတယ်။ ဂါဇာဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်စွာ လုပ်ဆောင်နေကြောင်း ဟူသီစစ်သွေးကြွတွေက ပြောပါတယ်။

အခုလို ဟူသီတွေရဲ့ ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ကူးသန်းရောင်း၀ယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံရုံးရဲ့ ပြောခွင့်ရ Nate Evans က ပြောကြားခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပင်လယ်နီကိုဖြတ်သန်းနေတဲ့ သင်္ဘောတွေကို ဟူသီစစ်သွေးကြွတွေက တိုက်ခိုက်နေတဲ့အပေါ် အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက စစ်ရေးအရ လက်တုံ့ပြန်ခဲ့ကြပါတယ်။ ဒါအပြင် သင်္ဘောလမ်းကြောင်းတွေကို ကာကွယ်ရေး မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက ဦးစီးလုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG