သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီသူပုန်တွေရဲ့ သင်္ဘောသုံးစင်း ကန်နှစ်မြုပ်


Red Sea Shipping
Red Sea Shipping

တောင်ပိုင်း ပင်လယ်နီဒေသမှာ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ ယီမန်က ဟူသီသူပုန်တွေအသုံးပြုတဲ့ သင်္ဘောငယ်သုံးစင်းကို အမေရိကန်ရေတပ်ရဟတ်ယာဉ်တွေက နှစ်မြှုပ်ပစ်ခဲ့တယ်လို့ CENTCOM လို့ အတိုကောက်ခေါ်တဲ့ ကမ္ဘာ့အလယ်ပိုင်းဒေသ အမေရိကန်စစ်ကွပ်ကဲရေးဌာနက X လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ပါတယ်။

Maersk Hangzhou ကုန်တင်သင်္ဘောရဲ့ အရေးပေါ်အကူအညီတောင်းခံမှုရရှိတဲ့နောက် USS Eisenhower နဲ့ USS Gravely အမရိကန်စစ်သင်္ဘောနှစ်စင်းက ရဟတ်ယာဉ်တွေဟာ ဟူသီသူပုန်တွေရဲ့ သင်္ဘောတွေကိုပစ်ခတ်ပြီး သုံးစင်းနစ်မြုပ်သွားတာလို့ သိရပါတယ်။ လေးစင်းမြောက် မော်တော်တစင်းကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ စင်ကာပူအလံတင် Maersk Hangzhou ကုန်တင်သင်္ဘောကို အီရန်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက တိုက်ခိုက်မှုဟာ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပင်လယ်နီထဲရှိနေတဲ့ အဲဒီကုန်တင်သင်္ဘောကြီးကို ဟူသီသူပုန်တွေက သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်မှုကို အမေရိကန်ရေတပ်က ဖျက်ချခဲ့ရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းကဆိုရင် ဟူသီသူပုန်တွေဘက်က နိုင်ငံတကာရေကြောင်းလိုင်းတွေကို တိုက်ခိုက်မှု ၂၃ ကြိမ်ရှိပြီလို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။ အခုလို ပင်လယ်နီအတွင်း တိုက်ခိုက်မှုတွေတိုးလာတာကြာင့် ဒီဇင်ဘာလလယ်ကစပြီး ရေကြောင်းလိုင်းကုမ္ပဏီအများအပြားဟာ ပင်လယ်နီကိုရှောင်ပြီး ပင်လယ်ရေလမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုခဲ့ကြရပါတယ်။

ဟူသီသူပုန်တွေမှာ ဂါဇာမှာ အစ္စရေးနဲ့တိုက်နေတဲ့ ဟာမတ်စစ်သွေးကြွအုပ်စုကို ထောက်ခံမှုပြတဲ့အနေနဲ့ အခုလို ပင်လယ်နီထဲသွားလာနေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။

ဟူသီသူပုန်တွေရဲ့ သင်္ဘောသုံးစင်း ကန်နှစ်မြုပ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG