သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီအဖွဲ့ပစ်လိုက်တဲ့ အဝေးထိန်းဒရုန်း ၅ ခု ကန် နဲ့ မဟာမိတ်တွေ ပင်လယ်နီမှာ ပစ်ချ


ပင်လယ်နီအတွင်း ဟူသီသူပုန်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခုခံနေတဲ့ အမေရိကန် တိုက်လေယာဉ်တစီး (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄)
ပင်လယ်နီအတွင်း ဟူသီသူပုန်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခုခံနေတဲ့ အမေရိကန် တိုက်လေယာဉ်တစီး (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄)

ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေရဲ့ အဝေးထိန်းဒရုန်း ၅ ခုကို မနေ့နှောင်းပိုင်းမှာ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပင်လယ်နီဒေသမှာ ကြားဖြတ်ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။ အီရန်က အားပေးထောက်ခံနေတဲ့ ဟူသီသူပုန်တွေ ထိန်းချုပ်ရာ ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တာလို့လည်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသကွပ်ကဲရေးဌာနက ပြောပါတယ်။

ဒရုန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ ကုန်တင်သင်္ဘောတွေ၊ အမေရိကန်ရေတပ်နဲ့ မဟာမိတ်သင်္ဘောတွေအတွက် အန္တရာယ်ရှိတာကြောင့် ပစ်ချခဲ့တာလို့လည်း ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ ပင်လယ်နီဒေသမှာ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေကို လနဲ့ချီ တန်ပြန်တိုက်ခိုက်နေတာပါ။ ဟူသီသူပုန်တွေကတော့ ဂါဇာဒေသက ပါလက်စတိုင်းတွေနဲ့ သွေးစည်းညီညွတ်မှုရှိကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်တာလို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီ အများအပြားဟာလည်း ပင်လယ်နီဒေသ လမ်းကြောင်းကို ရှောင်ရှားလာခဲ့ကြပြီး ပိုမိုခရီးရှည်ပြီး ကုန်ကျစရိတ်များတဲ့ အာဖရိကဖက်က လမ်းကြောင်းကို သုံးလာနေကြတာပါ။ မနေ့နှောင်းပိုင်းက တိုက်ခိုက်မှုတွေဟာ ယီမင်နိုင်ငံ Hodeida ဆိပ်ကမ်း အနောက်ဖက် ကီလိုမီတာ ၁၁၀ လောက်မှာ ဖြစ်ခဲ့တာလို့လည်း ရေကြောင်းလုံခြုံရေးကုမ္ပဏီတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG