သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီစစ်သွေးကြွတွေ ပင်လယ်နီထဲ သင်္ဘောပစ်ဒုံးနောက်ထပ် ၆ စင်းပစ်ခတ်


အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ရိုက်ဒါ (Pat Ryder)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ရိုက်ဒါ (Pat Ryder)

အမေရိကန်သတိပေးချက်ကို မျက်ကွယ်ပြုပြီး ဟူသီစစ်သွေးကြွတွေက သင်္ဘောပစ် ဒုံးကျည် ၆ စင်းကို ပင်လယ်နီထဲပစ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

နိုင်ငံတကာရေကြောင်း ကုန်သွယ်ရေးလမ်းကို မတိုက်ခိုက်ဖို့နဲ့တိုက်ခိုက်ခဲ့ရင် အကျိုးဆက်ခံရလိမ့်မယ်လို့ အမေရိကန်က သတိပေးထားတာပါ။ အမေရိကန် ရေတပ်က အဲဒီဒုံးကျည်တွေထဲက အနည်းဆုံးတစင်းကိုပစ်ချနိုင်ခဲ့ပြီး အခြား ဒုံးကျည်တွေက ပင်လယ်ထဲကျသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတဦး က ဆိုပါတယ်။ အင်္ဂါနေ့က အဲဒီလိုတိုက်ခိုက်ခဲ့ရာမှာ ဘာဘေးဒိုး အလံတင်ထားတဲ့ ယူကေပိုင်သင်္ဘောတစင်း အနည်းငယ်ထိသွားခဲ့တယ်လို့ ယူကေ လုံခြုံရေး လုပ်ငန်း အမ်ဘရီ Ambrey က ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေတင်ထားတဲ့ ဟူသီစစ်သွေးကြွတွေရဲ့ ဒရုန်းလှေ ၂ စင်း ကို မိမိကိုယ်ကိုကာကွယ်တဲ့နေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပြီး နာရီအတော်ကြာမှာ ဟူသီက ခုလို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်က ဟူသီနဲ့ စစ်ဖြစ်နေတာမဟုတ်ကြောင်း၊ ဟူသီနဲ့စစ်ဖြစ်ချင်တာလည်း မဟုတ်ကြောင်း၊ ဒါပေမဲ့ သူတို့က ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင်တော့ သူတို့တိုက်နိုင်စွမ်းကိုတော့ ဆက်လက်ဖျက်ဆီးရပါလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ရိုက်ဒါ (Pat Ryder) က တနင်္လာနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG