သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဗြိတိန် ယေမင်က ဟူသီတွေကို တိုက်ခိုက်ပြီး စစ်ပွဲကျယ်ပြန်လာမှာ ကုလစိုးရိမ်

Protesters, one holding a portrait of Huthi leader Abdul Malik al-Houthi (L), brandish their weapons during a protest following US and British forces strikes, in the Huthi-controlled capital Sanaa on January 12, 2024 amid the ongoing battles between Israe

ပင်လယ်နီထဲက နိုင်ငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို လအတန်ကြာတိုက်ခိုက်နေတဲ့ ယီမင် အခြေစိုက် ဟူသီ တပ်ဖွဲ့တွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီးမှာ ဒီကိစ္စ ပြင်းထန် ကြီးထွာလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက် (သောကြာနေ့) မှာ ပြောပါတယ်။ ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်တဲ့ အနေနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီ တပ်ဖွဲ့တွေက ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ ဖြတ်သန်းသွားတဲ့ နိုင်ငံတကာကုန်တင်င်္ဘောတွေကို တိုက်ခိုက်နေလို့ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေသုံးပြီး ဟူသီတွေကို ကြာသပတေးနေ့က ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ "ဒီအန္တရာယ်တွေနဲ့ တိုးမြင့်လာနိုင်တဲ့ သက်ရောက်မှု အခြေအနေ၊ ဒေသတခုလုံး ကျယ်ပြန့်လာမှာ အပြင် ယီမင်နိုင်ငံအတွက်လည်း အလွန်အမင်း စိုးရိမ်ကြောင်း " ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒြူဂျရစ် (Stephane Dujarric) က ပြောပါတယ်။ တဖက်မှာလည်း ဟူသီတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီ နဲ့ စူးအက် တူးမြောင်း တလျှောက် နိုင်ငံတကာ ရေလမ်းကြောင်း တွေ ထိခိုက်ပြီး ကမ္ဘာ့စီးပွားရေး အပေါ် ထိခိုက်နေသလို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကပ်ဘေး ဖြစ်တဲ့ အထိ သက်ရောက်ကြောင်းလည်း ဒြူဂျရစ်က ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ဆာနာက လေဆိပ်တွေ အနီးက စစ်အခြေစိုက်စခန်းတွေ၊ ယီမင်ရဲ့ တတိယအကြိးဆုံးမြို့ တိုက်ဇ် (Taiz)၊ ယီမင်ရဲ့ ပင်လယ်နီဆိပ်ကမ်း ဟိုဒေးဒါး (Hodeidah) က ရေတပ်စခန်း တခုနဲ့ ဟာဂျာ (Hajjah) ကမ်းရိုးတန်းဒေသက စစ်စခန်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) ကတော့ ဒီတိုက်ခိုက်မှုက ဟူသီသူပုန်တွေရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ အဝေးထိန်း တိုက်ခိုက်ရေး ဒရုန်းတွေ သိုလှောင်နိုင်မှုနဲ့ ပစ်လွှတ်နိုင်မှုကို အဓိက ပစ်မှတ်ထားပြီး ချေမှုန်းခဲ့တာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ သက်ရောက်မှုကို အကဲဖြတ်နေဆဲလို့ ပြောခွင့်ရက ဆိုပါတယ်။

ယီမင်နိုင်ငံရဲ့ ဒေသအများစုကို ဆယ်စုနှစ်တခုနီးပါး ထိန်းချုပ်ထားတဲ့ ဟူသီတပ်ဖွဲ့ဘက်ကတော့ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၇၃ ကြိမ် အတွင်း သူတို့ရဲ့ တပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပါလက်စတိုင်းနဲ့ အတူ ရပ်တည် ထောက်ခံပြီး အစ္စရေးကို ဆန့်ကျင်ဖို့ အတွက် ပင်လယ်နီထဲမှာ သင်္ဘောတွေကို ဆက်လက် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထပ်မံ ကြေညာထားပါတယ်။

ဟူသီတွေရဲ့ တိုက်ခိုက်မှုကြောင့် ကုန်သွယ်ရေကြောင်း သွားလာကြတဲ့ သင်္ဘောတွေဟာ အာဖရိကတိုက်ကို ပတ်ပြီး ပိုရှည်လျားတဲ့ လမ်းကြောင်းကို သုံးရသလို ကုန်ကျစရိတ် များပြားပြီး ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှုနဲ့ လူသုံးနဲ့ စားသုံးကုန် ပစ္စည်းတွေ ပြတ်လပ်မှာ အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အဓိက ကမ္ဘာ့ ကုန်သွယ် လမ်းကြောင်းတွေအတွက် ကုန်တင် သင်္ဘော ပစ္စည်း တန်ဆာခ နှုန်းထားတွေလည်း အခုသီတင်းပတ်အတွင်းမှာ တရှိန်ထိုး မြင့်တက်နေပါတယ်။

XS
SM
MD
LG