သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD CEC ဦးေအာင္ၾကည္ညြန္႔ရဲ႔ ရပ္တည္ခ်က္


NLD CEC ဦးေအာင္ၾကည္ညြန္႔ ( ေဖေဖၚဝါရီ ၇ ရက္ ၊ ၂၀၂၁ ဗီဒီယို သတင္းစကားေျပာစဥ္ )

NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ျပည္သူက တရားဝင္ အပ္ႏွင္းလိုက္တဲ့ လုပ္ပုိင္ခြင့္နဲ႔အညီ တာဝန္ေတြ ဆက္လက္ထမ္းေဆာင္ေနေၾကာင္း NLD ပါတီ ဗဟုိအလုပ္အမႈေဆာင္အဖဲြ႔ဝင္ ဦးေအာင္ၾကည္ညြန္႔က ေျပာၾကားတဲ့အေၾကာင္းကို တင္ျပခ်င္ပါတယ္။ က်ေနာ္ ဉာဏ္ဝင္းေအာင္ပါ ။

စစ္တပ္က မတရား အာဏာသိမ္းခဲ့တာကို ဆန္႔က်င္ေနၾကတဲ့ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း ဦးေအာင္ၾကည္ညြန္႔က လူမႈကြန္ယက္ကတဆင့္ ထုတ္ျပန္လိုက္တဲ့ ဗီဒီယိုဖိုင္မွာ အရင္ဆုံး ေျပာၾကားပါတယ္။

" က်ေနာ္ေအာင္ၾကည္ညြန္႔ပါ ။ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္တေယာက္ ျဖစ္ၿပီးေတာ့ မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၆) ေတာင္တြင္းႀကီးရဲ႕ အမ်ဳိးသားကိုယ္စားလွယ္ျဖစ္ပါတယ္။ စစ္အာဏာရွင္စနစ္ကို ျပန္လည္အသက္သြင္းၿပီးေတာ့ ျပည္သူကို စစ္ကၽြန္ျဖစ္ေအာင္ တရားမဲ့အာဏာသိမ္းတာကို အၾကမ္းမဖက္တဲ့ နည္းမ်ဳိးစုံနဲ႔ ဆန္႔က်င္ေနၾကတဲ့ ျပည္သူလူထု တရပ္လုံးကိုေရာ ၊ ျပည္သူ႔ဝန္ထမ္းမ်ား ပီသစြာ Civil Disobedient Movement (CDM)နဲ႔ ႏိုင္ငံေတာ္ကို ကယ္တင္ေနၾကတဲ့ ဌာနအသီးသီးက ဝန္ထမ္းမ်ားကိုေရာ အထူးေလးစား ေက်းဇူးတင္ပါေၾကာင္း ဦးစြာ ေျပာၾကားလုိက္ပါရေစ။ "

အခုအခ်ိန္မွာ ေၾကာက္စိတ္နဲ႔ ေနာက္တြန္႔ေနမယ္ဆိုရင္ ေနာက္မ်ဳိးဆက္ကို စစ္အာဏာရွင္စနစ္ေအာက္မွာ စေတးလိုက္သလို ျဖစ္သြားလိမ့္မယ္လို႔ ဦးေအာင္ၾကည္ညြန္႔က သတိေပးတိုက္တြန္းလိုက္ပါတယ္။

" စစ္အာဏာ႐ူးမႈ က်ဆုံးၿပီး မၾကာမီမွာ ျပည္သူ႔အားနဲ႔ ျပန္လည္ေပၚထြန္းလာမယ့္ ျပည္သူ႔အစိုးရရဲ႕ေအာက္မွာ မိမိတို႔ရဲ႕ တရားဝင္ အခြင့္အေရးမ်ား ျပန္လည္ရရွိခံစားရမွာ အာမခံခ်က္ အျပည့္ရွိေနပါတယ္။ လတ္တေလာ ရင္ဆုိင္ရဖြယ္ အခက္အခဲေတြ အတြက္လည္း ျပည္သူအားနဲ႔ ကုစားကာကြယ္ ေထာက္ပံ့မႈေတြ စီစဥ္ေနၾကပါၿပီ ၊ ျပည္သူသာ အဓိကပါ။ အခုကာလမွာ ေၾကာက္စိတ္နဲ႔ ေနာက္တြန္႔ရင္ မိုက္တဲ့လူတခ်ဳိ႕ ႐ူးၿပီးရဲေနတဲ့ .. 'မိုက္႐ူးရဲ' စစ္အာဏာရွင္တစုနဲ႔ ေနာက္လိုက္ တခ်ဳိ႕ေတြရဲ႕ေအာက္မွာ က်ေနာ္တို႔ရဲ႕ သားသမီးေတြကို စေတးလိုက္ၾကရ ပါလိမ့္မယ္။ က်ေနာ္တို႔လည္း ျပည္သူက အပ္ႏွင္းလိုက္ၿပီးျဖစ္တဲ့ တရားဝင္ လုပ္ပိုင္ခြင့္နဲ႔အညီ ဆက္လက္ေဆာင္ရြက္ ေနၾကပါတယ္။ အားလုံးကို ေလးစားစြာ ေက်းဇူးတင္ေၾကာင္း ထပ္ေလာင္း ေျပာၾကားလိုပါတယ္။ "

ဒီအေတာတြင္း NLD ပါတီ ေရြးခ်ယ္ခံကုိယ္စားလွယ္ေတြရဲ႕ တာဝန္ေပးအပ္ခ်က္အရ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားျပဳေကာ္မတီ (CRPH)ကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ဖြဲ႔စည္းတည္ေထာင္ၿပီး လုပ္ငန္းေတြ စဖို႔ ျပင္ဆင္ေနပါတယ္။

တုိင္းေဒသႀကီးနဲ႔ ျပည္နယ္တခ်ဳိ႕မွာလည္း NLD ကုိယ္စားလွယ္ေတြက လူကိုယ္တုိင္ ဒါမွမဟုတ္ အြန္လိုင္းကတဆင့္ က်မ္းသစၥာက်ိမ္ဆိုေနၾကၿပီး တတိယအႀကိမ္ တိုင္းနဲ႔ျပည္နယ္လႊတ္ေတာ္ လုပ္ငန္းေတြကို စတင္ႏိုင္ဖုိ႔ စိုင္းျပင္းေနတာ ေတြ႔ရပါတယ္။

= = = = =

NLD CEC ဦးေအာင္ၾကည္ညြန္႔ရဲ႔ ရပ္တည္ခ်က္
please wait

No media source currently available

0:00 0:02:05 0:00
တိုက္႐ိုက္ လင့္ခ္


[ UNICODE ]

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူက တရားဝင် အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်နဲ့အညီ တာဝန်တွေ ဆက်လက်ထမ်းဆောင်နေကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောကြားတဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ကျနော် ဉာဏ်ဝင်းအောင်ပါ ။

စစ်တပ်က မတရား အာဏာသိမ်းခဲ့တာကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဦးအောင်ကြည်ညွန့်က လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဖိုင်မှာ အရင်ဆုံး ပြောကြားပါတယ်။

" ကျနော်အောင်ကြည်ညွန့်ပါ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်ပြီးတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) တောင်တွင်းကြီးရဲ့ အမျိုးသားကိုယ်စားလှယ်ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူလူထု တရပ်လုံးကိုရော ၊ ပြည်သူ့ဝန်ထမ်းများ ပီသစွာ Civil Disobedient Movement (CDM)နဲ့ နိုင်ငံတော်ကို ကယ်တင်နေကြတဲ့ ဌာနအသီးသီးက ဝန်ထမ်းများကိုရော အထူးလေးစား ကျေးဇူးတင်ပါကြောင်း ဦးစွာ ပြောကြားလိုက်ပါရစေ။ "

အခုအချိန်မှာ ကြောက်စိတ်နဲ့ နောက်တွန့်နေမယ်ဆိုရင် နောက်မျိုးဆက်ကို စစ်အာဏာရှင်စနစ်အောက်မှာ စတေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဦးအောင်ကြည်ညွန့်က သတိပေးတိုက်တွန်းလိုက်ပါတယ်။

NLD ဦးေအာင္ၾကည္ညြန္႔
NLD ဦးေအာင္ၾကည္ညြန္႔




" စစ်အာဏာရူးမှု ကျဆုံးပြီး မကြာမီမှာ ပြည်သူ့အားနဲ့ ပြန်လည်ပေါ်ထွန်းလာမယ့် ပြည်သူ့အစိုးရရဲ့အောက်မှာ မိမိတို့ရဲ့ တရားဝင် အခွင့်အရေးများ ပြန်လည်ရရှိခံစားရမှာ အာမခံချက် အပြည့်ရှိနေပါတယ်။ လတ်တလော ရင်ဆိုင်ရဖွယ် အခက်အခဲတွေ အတွက်လည်း ပြည်သူအားနဲ့ ကုစားကာကွယ် ထောက်ပံ့မှုတွေ စီစဉ်နေကြပါပြီ ၊ ပြည်သူသာ အဓိကပါ။ အခုကာလမှာ ကြောက်စိတ်နဲ့ နောက်တွန့်ရင် မိုက်တဲ့လူတချို့ ရူးပြီးရဲနေတဲ့ .. 'မိုက်ရူးရဲ' စစ်အာဏာရှင်တစုနဲ့ နောက်လိုက် တချို့တွေရဲ့အောက်မှာ ကျနော်တို့ရဲ့ သားသမီးတွေကို စတေးလိုက်ကြရ ပါလိမ့်မယ်။ ကျနော်တို့လည်း ပြည်သူက အပ်နှင်းလိုက်ပြီးဖြစ်တဲ့ တရားဝင် လုပ်ပိုင်ခွင့်နဲ့အညီ ဆက်လက်ဆောင်ရွက် နေကြပါတယ်။ အားလုံးကို လေးစားစွာ ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ "

ဒီအတောတွင်း NLD ပါတီ ရွေးချယ်ခံကိုယ်စားလှယ်တွေရဲ့ တာဝန်ပေးအပ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းတွေ စဖို့ ပြင်ဆင်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာလည်း NLD ကိုယ်စားလှယ်တွေက လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကတဆင့် ကျမ်းသစ္စာကျိမ်ဆိုနေကြပြီး တတိယအကြိမ် တိုင်းနဲ့ပြည်နယ်လွှတ်တော် လုပ်ငန်းတွေကို စတင်နိုင်ဖို့ စိုင်းပြင်းနေတာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG