သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီဝန်ကြီးချုပ် နဲ့ ၂ နိုင်ငံအရေး ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ၂ နိုင်ငံအရေးဆွေးနွေး (Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ၂ နိုင်ငံအရေးဆွေးနွေး (Myanmar State Counsellor Office)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဟန်ဂေရီနိုင်ငံမှာ ရောက်နေပြီး ဒီနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဟန်ဂေရီဝန်ကြီးချုပ် Mr. Viktor Orban နှင့် ဘူဒါပတ်စ်မြို့ ၊ ဟန်ဂေရီဝန်ကြီးချုပ်ရုံးမှာတွေ့ဆုံတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြတဲ့အထဲမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိစ္စတွေလည်းပါတယ်ဆိုတာ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ဟန်ဂေရီအခြေစိုက် Hungary Today အွန်လိုင်းသတင်းတပုဒ်မှာတော့ ခေါင်းဆောင်၂ ဦးဆွေးနွေးကြတဲ့အထဲ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူကိစ္စလည်းပါတယ်လို့ ဖော်ပြထားပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ်ဟာ ရွှေ့ပြောင်းဝင်ရောက်တာကို ဆန့်ကျင်သူဖြစ်ပြီး လူဝင်မှုပိုင်းဆိုင်ရာမှာ သဘောထားတင်းမာသူလို့ သိထားကြပါတယ်။ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုကို ဟန်ဂေရီနိုင်ငံက ထောက်ခံပေမယ့် ဒီမိုကရေစီ တင်ပို့တာကိုတော့ ကန့်ကွက်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်တွင်းရေးကို ချိတ်ဆက်တာလို မဆက်စပ်တဲ့ ကိစ္စရပ်တွေကို ရောထွေးဖို့ ကြိုးစားတဲ့ EU နဲ့ တခြားအနောက်နိုင်ငံ ဗျူရိုကရက်တွေရဲ့ ချဉ်းကပ်မှုကို ဆန့်ကျင်တယ်လို့ Mr. Viktor Orban က ပြောတယ်လို့လည်း Hungary Today သတင်းမှာ ဖော်ပြထားပါတယ်။ Mr. Viktor Orban ဟာ ဟန်ဂေရီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စွပ်စွဲပြီး ဂျာမနီဝန်ကြီးချုပ် Angela Merkel အပါအဝင် ခေါင်းဆောင်တချို့က ဝေဖန်ခံရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG