သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းပြီး အမျိုးသားပြန်လည် သင့်မြတ်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဟု ဒေါ်စု ဆို

Singapore Myanmar
1/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Singapore Myanmar
2/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
aung san suu kyi singapore trip start (Ministry of Foreign Affairs Myanmar)
3/9 aung san suu kyi singapore trip start (Ministry of Foreign Affairs Myanmar)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Singapore Myanmar
4/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Singapore Myanmar
5/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Singapore Myanmar
6/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Singapore Myanmar
7/9 Singapore Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
aung san suu kyi singapore trip start (Ministry of Foreign Affairs Myanmar)
8/9 aung san suu kyi singapore trip start (Ministry of Foreign Affairs Myanmar)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
aung san suu kyi  singapore trip start (Ministry of Foreign Affairs  Myanmar)
9/9 aung san suu kyi singapore trip start (Ministry of Foreign Affairs Myanmar)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံခရီးစဉ် (သတင်းဓါတ်ပုံ)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကြီးကိစ္စရပ်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးဖေါ်ဆောင်နိုင် မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေလည်း လိုက်ပါသွားတဲ့ ၃ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံ ခေါင်းဆောင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေအပြင် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ အကြောင်းစုံကို ကိုအောင်အောင်က တင်ပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံကို ရောက်ရှိပြီး မကြာခင်မှာပဲ စင်္ကာပူ ခေါင်းဆောင်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ Global Conversations ဖိုရမ် ဆွေးနွေးပွဲအတွင်း နိုင်ငံတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ သင့်မြတ်မှုဟာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“အမျိုးသားသင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကြီးကိစ္စရပ်ဖြစ်သလို ဒါဟာ ရွေးချယ်ရမယ့်ဟာမဟုတ်ဘဲ ရှောင်လွှဲလို့မရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးရရှိအောင် ဆောင်ရွက်မှသာ နိုင်ငံတိုးတက်မှာဖြစ်ပြီး ကျမတို့နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံလိုသူတွေအတွက်လည်း ၂ နိုင်ငံ အတွက် အကျိုးရှိစေမယ့် ကူးသန်းရောင်းဝယ်ရေးလုပ်ဆောင်ဖို့ လုံလောက်တဲ့ ယုံကြည်မှု ရှိလာစေမှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုဥပဒေသစ် ပြဌာန်းခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ လာရောက်ရင်းနှီးမြှပ်နှံသူတွေရဲ့ အကျိုးစီးပွါး ထိခိုက်မှုမရှိအောင် အခုရင်းနှီးမြှပ်နှံမှုဥပဒေသစ်က အကာကွယ်ပေးထားကြောင်းလည်း ဖိုရမ်ဆွေးနွေးပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ ဒေသရဲ့ အောင်မြင်မှု ဖြစ်တာကြောင့် စင်္ကာပူအနေနဲ့ အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီကနေ့ညဘက်မှာတော့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲနဲ့တည့်ခင်းဧည့်ခံပြီးမြန်မာ စင်္ကာပူ ဆက်ဆံရေးနဲ့ ပါတ်သတ်လို့ အခုလို ပြောကြားသွားပါတယ်။

“စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကာလကြာရှည် မပြောင်းမလဲပဲ အတူရပ်တည်ခဲ့တဲ့ မိတ်ဆွေနိုင်ငံပါ။ ဒီနှစ် ဆိုရင် ၂ နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့်သွားပြီး နောက်ထပ်လည်း အတူလက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်။ စီးပါွးရေးအတူပူးပေါင်းဆောင်ရွက်မှုတွေဟာ ခိုင်မာ ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုအပိုင်းမှာလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရေးနဲ့ ပတ်သကပြီးတော့လည်း ယုံကြည်မှုရှိကြောင်း ပြသတာပါ။ ဒါ့အပြင် ၂ နိုင်ငံပြည်သူတွေရဲ့ ဆက်ဆံရေးဟာ ခိုင်မာပြီး အပြန်အလှန်သွားရောက် လည်ပတ်ဖို့အတွက် ဗီဇာကင်းလွတ်ခွင့်လည်းပေးထားပါတယ်။ ဒေါ်စုအနေနဲ့ လွန်ခဲ့တဲ့ ၆ လက ပြောဆိုထားတဲ့အတိုင်းပါပဲ။ မနက်ဖန်မှာဆိုရင် မြန်မာနိုင်ငံက လာရောက်လည်ပတ်မဲ့သူတွေကို စင်္ကာပူက ကြိုဆိုသွားမှာပါ။”

လွန်ခဲ့တဲ့ ဇွန်လအတွင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မြန်မာနိုင်ငံကို လာရောက်လည်ပါတ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်စရာမလိုပဲ စင်္ကာပူမှာ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရမယ့် အစီအစဉ်နဲ့ ပါတ်သတ်ပြီး သဘောတူညီမှုရခဲ့ပါတယ်။စင်္ကာပူမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင် အလုပ်လုပ်ကိုင်နေကြတာပါ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်အတွင်း စင်္ကာပူရောက် မြန်မာတွေနဲ့ မနက်ဖန် ဒီဇင်္ဘာလ ၁ ရက်နေ့ ညဘက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ Myanmar Club ဥက္ကဌ ဒေါက်တာ မြတ်မော်ထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ၈ နာရီပြင်ထားပါ တယ် ။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာ ပြီးရင် စင်္ကာပူရောက်မြန်မာတွေကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မှာကြားမယ့် သြဝါဒကို ကြားဖို့အတွက် စောင့်နေကြမှာပါ။ တကယ်လို့များ အခြေအနေပေးလာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့ မေးခွန်းတွေရှိပါတယ်။ ကျနော်တို့ Online ကနေပြီးတော့ ကြိုပြီးကောက်ခံ ထားတဲ့ မေးခွန်းတွေ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုတွေ တွေ့ဆုံဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတချို့ကို အချိန်ရလျင် တင်ပြသွားမယ်လို့ ဒေါက်တာမြတ်မော်ထွန်းကပြောပါတယ်။မြန်မာနိုင်ငံကူးလက်မှတ် အမျိုးကွဲတွေ အများအပြားရှိနေတာနဲ့ ပတ်သတ်လို့ စင်္ကာပူရောက် မြန်မာတွေကြား အခက်အခဲတချို့ရင်ဆိုင်နေရတာပါ။

“Passport မှာက PV တို့ PJ တို့ပေါ့နော် ၊ visit pass တို့ ကျနော်တို့ Job pass တို့ပေါ့နော် အဲဒီလို အကွဲအပြားတွေကို ဒီမှာရောက်နေတဲ့ အလုပ်သမားတော်တော်များများက မသိကြဘူး၊ တော်တော်လေး အခက်အခဲဖြစ်ကြပါတယ်။ ဆိုတော့ အဲဒီအခက်အခဲတွေကို မေးမယ့်မေးခွန်းက စင်္ကာပူရောက် မြန်မာတွေ အားလုံးနဲ့သက်ဆိုင်တဲ့မေးခွန်းတခုအဖြစ်နဲ့ ပါပါတယ်ခင်ဗျ။”

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်ကနေ ထွက်ခွါသွားတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။

တိုက်ရိုက် လင့်ခ်

​
XS
SM
MD
LG