သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရင်းနှီးမြှုပ်နှံမှုရဖို့ စင်္ကာပူမှာ ဒေါ်စု ကြိုးစား


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ (Ministry of Foreign Affairs Myanmar)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ (Ministry of Foreign Affairs Myanmar)

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ဟာ ရင်းနှီးမြှုပ်နံှသူတွေကို အပြည့်အဝအာမခံချက်ပေးထားတဲ့ ဥပဒေဖြစ်တယ် လို့ဆိုပြီး မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆွဲဆောင် စည်းရုံးတဲ့အနေနဲ့ စင်္ကာပူမှာလုပ်တဲ့ စီးပွားရေးဖိုရမ် တခုအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ဟာ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေဖို့ရည်ရွယ်ထားပါတယ်။ ချမှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းအသစ်တွေဟာလည်း စီးပွားရေးလုပ်ငန်းတွေ စိတ်ချလက်ချလုပ်နိုင်ဖို့အတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ဘာကြောင့် လည်းဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကိုယ်လိုချင်တာကို ပြန်ရလာစေဖို့ ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ တစိတ်တပိုင်းက အာမခံချက်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တရားလက်လွတ်နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကြိုပြီး မျှော်လင့်မထားဘဲ ထိခိုက်ပျက်စီးအောင် လုပ်မှာမဟုတ်ပါဘူး။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ထိ သုံးရက်ကြာ စင်္ကာပူနိုင်ငံခရီးစဉ်အစ ဒီကနေ့မှာပဲ စင်္ကာပူမှာရှိတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင် တွေကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောတာပါ။ ဒိပွဲအတွင်းမှာပဲ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးဟာ သိပ်ကိုအရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောသွားပါတယ်။ ဒါဟာ ရွေးချယ်ရမယ့်ကိစ္စ မဟုတ် ဘဲ မဖြစ်မနေကို လုပ်ရမယ့်ကိစ္စဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှသာ တိုင်းပြည်လည်း တိုးတက်နိုင်၊ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်လည်း ယုံကြည်မှုရနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG