သုံးရလွယ်ကူစေသည့် Link များ

ပြည်ထောင်စုပွဲတက်မယ့် ဒေါ်စု တောင်ကြီးကို ခရီးတထောက်ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့သို့ ရောက်လာစဉ် (၁၁ ဖေဖေါ်ဝါရီ ၂၀၁၇)
ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့သို့ ရောက်လာစဉ် (၁၁ ဖေဖေါ်ဝါရီ ၂၀၁၇)

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ကို ဒီကနေ့ ရောက်ရှိပါတယ်။

ဗြိတိသျှ ကိုလိုနီတို့လက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရာမှာ တောင်တန်းဒေသ နဲ့ မြေပြန့်ဒေသ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ မနက် ဖြန် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဆိုရင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ကြမှာဖြစ်ပါတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုး သားချင်းတွေကို အလေးအမြတ်ထား ဖိတ်ကြားတာ ဒါပထမဆုံး အကြိမ်လည်း ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေရဲ့ "ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း" ကိုလည်း ကျင်းပမှာ ဖြစ်သလို ဒီအစီအစဉ်တွေကို ဖေဖော်ဝါရီလ(၁၂) ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်က စတင်ပြီး MRTV ရုပ်သံလိုင်း နှင့် Myanmar State Counsellor Office ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနေ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီစကားဝိုင်းကို ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ တက်ရောက်ချိန် အားလပ်တဲ့အခါ သွားရောက် စာဖတ်ခဲ့တဲ့ ညောင်ပင်ကြီး တပင်ရဲ့အောက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG