သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အမှုနှစ်မှု စွဲချက်တင်


{{ Zawgyi/Unicode}}}


မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီတရားစွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့အမှုတွေ ဒီကနေ့ အထူးတရားရုံးက လက်ခံလိုက်ပါတယ်။ ဒီဥပဒေတွေနဲ့ စွဲချက်တင်ခံရတဲ့ အမှုတွေနဲ့ပတ်သက်လို့ပြီးခဲ့တဲ့အပတ်က နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။

ဒီနေ့စွဲချက်တင်တဲ့ အမှုတွေမှာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှုဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကနေ ဆက်သွယ်ရေးစကားပြောစက်နဲ့ ဖုံးလိုင်းအဆက်အသွယ် မမိအောင် ကြားဖြတ်နှောင့်ယှက်စက် တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၇ ကတော့ အဲဒီပစ္စည်းတွေကို တရားမဝင်လက်ဝယ်ထားရှိခဲ့တာကြောင့်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုစွဲခဲ့တာဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ အပြစ်ရှိတယ်ဆုံးဖြတ်ရင် အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ နဲ့ အပြစ်ရှိတယ်ဆုံးဖြတ်ရင်တော့ အမြင့်ဆုံးပြစ်ဒဏ် ၁ နှစ်ချမှတ်နိုင်တယ် လို့ တည်ဆဲဥပဒေတွေမှာဖော်ပြထားပါတယ်။ မနက်ဖြန်မှာလည်း တခြားအမှုတွေဆက် ကြားနာမှာ ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမယ်လို့ စုံစမ်း သိရပါတယ်။

လက်ရှိ စစ်ဆေးဆဲ အမှုများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် အမှုတွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင် လုပ်ဆောင်မှု၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ အမှု၊ တဦးချင်းစီအပေါ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှုတို့ကို အစောပိုင်းထဲက စွဲချက်တင်ထားပါတယ်။နေပြည်တော် သီးသန့်တရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေတဲ့ သမ္မတဦးဝင်းမြင့်အမှု ၁ မှုနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ မှုတို့ကို ဒီနေ့အောက်တိုဘာ ၂၅ ရက်မှာ ဆက်လက် ကြားနာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီနေ့ စွဲချက်တင်လိုက်တဲ့ အမှု ၂ ခုအပြင်သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ ၂၅ ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေကို စစ်ဆေးတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ဆိုရင် ထောင်ဒဏ် ၈၇ နှစ်ထိ ကျခံရ နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ရှေ့နေတွေအကုန်လုံးကို စစ်ကောင်စီဘက်က ပုဒ်မ ၁၄၄ နဲ့ တရားခွင်ကိစ္စကို ပြန်မပြောရ တားမြစ်ထားတာမို့ အမှုဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရပါဘူး။ ဒီပုဒ်မအရ ပြည်တွင်းပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေအပါအဝင် ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမှ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း တခြား တနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်တာဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှေ့နေတွေကို ပုဒ်မ ၁၄၄ ထုတ်တာဟာ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်စေလို့တားမြစ်တာဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့်ပြောဆိုမှုတွေဖြစ်လို့ တားမြစ်တာလို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}}










#AungSanSuuKyiTrial #AungSanSuuKyi #MyanmarMilitaryCoup #VOABurmese


===========

XS
SM
MD
LG