သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚစုနဲ႔ သမၼတဦးဝင္းျမင့္တို႔ရဲ႕ ၅၀၅ (ခ) အမႈ ႏိုဝင္ဘာ ၃၀ ရက္ အမိန္႔ခ်မည္


ႏိုင္ငံေတာ္အတုိင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တုိ႔ကို ေနျပည္ေတာ္အထူးတရား႐ံုးမွာ ပထမဆံုး ႐ုံုးထုတ္စဥ္။ (ေမ၊ ၂၄၊ ၂၀၂၁/တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

{{Zawgyi/Unicode}}

ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔အေပၚ အမႈတြဲၿပီး ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ခ နဲ႔တရားစြဲထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈအတြက္ ႏိုဝင္ဘာ ၃၀ ရက္ေန႔ မွာအၿပီးသတ္ အမိန႔္ခ်မယ္လို႔ စံုစမ္းသိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက အဂၤါေန႔တိုင္း ၾကားနာ စစ္ေဆးေနက် တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈေတြနဲ႔ သဘာဝေဘး အႏၲရာယ္ဆိုင္ရာအမႈတို႔ကို ေနျပည္ေတာ္ အထူးတရား႐ုံးမွာ ဒီေန႔ ဆက္လက္ စစ္ေဆးပါတယ္။ ဒီလိုစစ္ေဆးၾကားနာအၿပီးမွာ ပုဒ္မ ၅၀၅-ခ အမႈအတြက္ ေနာက္သီတင္း ၂ ပတ္မွာ အမိန္႔ခ်မယ္လို႔ တရားသူႀကီးက ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ပုဒ္ မ ၅၀၅-ခ အမႈ နဲ႔ ပတ္သတ္လို႔ ဒီေန႔ ႏိုဝင္ဘာ ၁၆ ရက္မွာ တရားလို တရားၿပိဳင္ ၂ ဘက္ေရွ႕ေနေတြက အမႈနဲ႔ပတ္သက္လို႔ အျပစ္ရွိ မရွိ တရား႐ုံးဆုံးျဖတ္ႏိုင္ဖို႔ အၿပီးသတ္ ေလွ်ာက္လဲခ်က္တင္သြင္းခဲ့ၾကပါတယ္။ အဲဒီေလွ်ာက္လဲခ်က္ေတြအၿပီး အမႈအတြက္ ႏုိဝင္ဘာ ၃၀ မွာ ဆံုးျဖတ္ခ်က္ခ်မယ္လို႔ သတ္မွတ္လိုက္တာပါ။

စစ္အာဏာသိမ္းမႈအေပၚ ကန႔္ကြက္ေၾကာင္းနဲ႔ အာဏာသိမ္းစစ္တပ္နဲ႔ ပူးေပါင္းေဆာင္ ႐ြက္မႈမလုပ္ဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႔က ထုတ္ျပန္ တဲ့ေၾကညာခ်က္ ၂ ေစာင္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ေဒါက္တာမ်ိဳးေအာင္တို႔အေပၚ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) ပုဒ္မနဲ႔ စြဲခ်က္တင္ထားတာျဖစ္ပါတယ္။ ျပစ္မႈထင္ရွားတယ္လို႔ ဆုံးျဖတ္ရင္ အျမင့္ဆုံးျပစ္ဒဏ္ ၂ ႏွစ္အျပင္ ေငြဒဏ္ပါခ်မွတ္ႏိုင္ပါတယ္။

သဘာဝေဘး အႏၲရာယ္ဆိုင္ရာအမႈအတြက္ကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဒီေန႔ သက္ေသထြက္ဆိုခဲ့တယ္လို႔ ေနျပည္ေတာ္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကို မီဒီယာကိုမေျဖၾကားဖို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က တားျမစ္ထားတာေၾကာင့္ ထြက္ဆိုခ်က္ အေသးစိတ္ကိုေတာ့ မသိရပါဘူး။

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ စည္း႐ုံးေရးဆင္းသူေတြကို ထြက္ၿပီးႏႈတ္ဆက္ခဲ့တာကို ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ထုတ္ျပန္ထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒခ်ိဳးေဖာက္တယ္ဆိုၿပီး တရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေအာက္တိုဘာလမွာ စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။

သဘာဝေဘးအမႈအတြက္ လာမယ့္႐ုံးခ်ိန္းမွာေတာ့ တရားၿပိဳင္ဘက္က မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ သက္ေသ လိုက္ဖို႔ရွိပါတယ္။ လာမယ့္ ႐ုံးခ်ိန္းကို ႏိုဝင္ဘာ ၂၃ ရက္ေန႔ကိုခ်ိန္းဆိုထားၿပီးအဲဒီေန႔မွာေတာ့ သဘာဝေဘး အမႈ တခုထဲကိုဘဲ စစ္ေဆးသြားမွာျဖစ္ပါတယ္။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ဥပေဒခ်ိဳးေဖာက္မႈ စတဲ့အမႈေတြအပါအဝင္ အမႈေပါင္း ၁၁ မႈထက္မနည္းနဲ႔ လက္ရွိမွာ ရင္ဆိုင္ေနၿပီး အမႈ ၅ မႈအတြက္ စြဲခ်က္တင္ခံထားရပါတယ္။ ေ႐ြးေကာက္ပြဲဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြ ခ်ဳိးေဖာက္တယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD အစိုးရလက္ထက္က ျပည္နယ္ဝန္ႀကီးခ်ဳပ္တခ်ဳိ႕ နဲ႔ တာဝန္႐ွိသူ စုစုေပါင္း ၁၆ ေယာက္ကို တရားစြဲတယ္လို႔ စစ္ေကာင္စီက ႏုိဝင္ဘာ ၁၅ ရက္က သတင္းထုတ္ျပန္ခဲ့ေပမဲ့ ဘယ္ပုဒ္မေတြနဲ႔ တရားစြဲသလဲဆိုတာ အတိအက် ေျပာဆိုျခင္း မ႐ွိပါဘူး။ သက္ဆိုင္ရာ အမႈလုိက္ေ႐ွ႕ေနေတြဘက္ကလည္း တရား႐ံုးက အေၾကာင္းၾကားစာ မရေသးတဲ့အတြက္ ဘယ္အမႈေတြနဲ႔ တရားစြဲသလဲဆိုတာ ေလာေလာဆယ္ မသိရေသးဘူးလို႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ဒေါ်စုနဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ၅၀၅ (ခ) အမှု နိုဝင်ဘာ ၃၀ ရက် အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် အမှုတွဲပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုအတွက် နိုဝင်ဘာ ၃၀ ရက်နေ့ မှာအပြီးသတ် အမိန့်ချမယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက အင်္ဂါနေ့တိုင်း ကြားနာ စစ်ဆေးနေကျ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုတွေနဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာအမှုတို့ကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးကြားနာအပြီးမှာ ပုဒ်မ ၅၀၅-ခ အမှုအတွက် နောက်သီတင်း ၂ ပတ်မှာ အမိန့်ချမယ်လို့ တရားသူကြီးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပုဒ် မ ၅၀၅-ခ အမှု နဲ့ ပတ်သတ်လို့ ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ တရားလို တရားပြိုင် ၂ ဘက်ရှေ့နေတွေက အမှုနဲ့ပတ်သက်လို့ အပြစ်ရှိ မရှိ တရားရုံးဆုံးဖြတ်နိုင်ဖို့ အပြီးသတ် လျှောက်လဲချက်တင်သွင်းခဲ့ကြပါတယ်။ အဲဒီလျှောက်လဲချက်တွေအပြီး အမှုအတွက် နိုဝင်ဘာ ၃၀ မှာ ဆုံးဖြတ်ချက်ချမယ်လို့ သတ်မှတ်လိုက်တာပါ။

စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်းနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင် ရွက်မှုမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန် တဲ့ကြေညာချက် ၂ စောင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ပုဒ်မနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံးပြစ်ဒဏ် ၂ နှစ်အပြင် ငွေဒဏ်ပါချမှတ်နိုင်ပါတယ်။

သဘာဝဘေး အန္တရာယ်ဆိုင်ရာအမှုအတွက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီနေ့ သက်သေထွက်ဆိုခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာကိုမဖြေကြားဖို့ စစ်အုပ်ချုပ်ရေးကောင်စီဘက်က တားမြစ်ထားတာကြောင့် ထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိရပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသူတွေကို ထွက်ပြီးနှုတ်ဆက်ခဲ့တာကို ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်တယ်ဆိုပြီး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အောက်တိုဘာလမှာ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

သဘာဝဘေးအမှုအတွက် လာမယ့်ရုံးချိန်းမှာတော့ တရားပြိုင်ဘက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သက်သေ လိုက်ဖို့ရှိပါတယ်။ လာမယ့် ရုံးချိန်းကို နိုဝင်ဘာ ၂၃ ရက်နေ့ကိုချိန်းဆိုထားပြီးအဲဒီနေ့မှာတော့ သဘာဝဘေး အမှု တခုထဲကိုဘဲ စစ်ဆေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု စတဲ့အမှုတွေအပါအဝင် အမှုပေါင်း ၁၁ မှုထက်မနည်းနဲ့ လက်ရှိမှာ ရင်ဆိုင်နေပြီး အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရလက်ထက်က ပြည်နယ်ဝန်ကြီးချုပ်တချို့ နဲ့ တာဝန်ရှိသူ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဘယ်ပုဒ်မတွေနဲ့ တရားစွဲသလဲဆိုတာ အတိအကျ ပြောဆိုခြင်း မရှိပါဘူး။ သက်ဆိုင်ရာ အမှုလိုက်ရှေ့နေတွေဘက်ကလည်း တရားရုံးက အကြောင်းကြားစာ မရသေးတဲ့အတွက် ဘယ်အမှုတွေနဲ့ တရားစွဲသလဲဆိုတာ လောလောဆယ် မသိရသေးဘူးလို့ ပြောကြပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်#ဦးဝင်းမြင့်#စစ်ကောင်စီ#၅၀၅(ခ)#သဘာဝဘေးအန္တရာယ်

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG