သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္


ေဒၚေအာင္ဆန္းစုၾကည္ (ယခင္သတင္းဓာတ္ပံု - Myanmar State Counsellor Office)

[[Zawgyi/Unicode]]


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ အဂတိအမႈေတြထဲက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီကေန ေ႐ႊနဲ႔ေဒၚလာေငြေတြယူခဲ့တယ္ဆိုတဲ့အဂတိ စြပ္စြဲခ်က္အမႈအတြက္ ေနျပည္ေတာ္အထူးတရား႐ုံးကေန ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္လိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီကေန ေ႐ႊနဲ႔ေဒၚလာေငြေတြ ယူခဲ့တယ္ဆိုတဲ့ အဂတိမႈစြဲခ်က္အတြက္ အၿပီးသတ္အမိန႔္ကို ဒီေန႔ ဧၿပီလ ၂၇ ရက္ေန႔ ေနျပည္ေတာ္တရား႐ုံးကေန ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္လိုက္တာပါ။ ဒီအမႈမွာ ဦးၿဖိဳးမင္းသိန္းကိုယ္တိုင္ တရား႐ုံးမွာ တရားလိုသက္ေသအျဖစ္ ထြက္ဆိုခဲ့တာပါ။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ေနာက္ထပ္ အဂတိမႈစြဲခ်က္ေတြအတြက္ တရား႐ုံးမွာ ထပ္မံရင္ဆိုင္ရဖို႔ရွိေသးတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ေနျပည္ေတာ္အထူးတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ဦးၿဖိဳးမင္းသိန္းဆီက ေ႐ႊနဲ႔ ေဒၚလာေတြ ရယူမႈေပါ့။ အဲဒ့ါနဲ႔ပတ္သက္ၿပီး အမႈစစ္ေဆးပါတယ္။ အမႈေပၚေပါက္တဲ့အတြက္ေၾကာင့္မို႔ အဂတိတိုက္စားမႈနဲ႔ တျခားဆက္စပ္ဥပေဒအရ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ပါတယ္။ က်န္တဲ့အမႈေတြဆက္စစ္ပါမယ္။ အဂတိလိုက္ စားမႈနဲ႔ပတ္သက္တာေတြရွိေသးတယ္။ ေနာက္ အေဆာက္အဦးေတြ၊ေျမေတြနဲ႔ပတ္သက္တာေတြ ရွိေသးတယ္။ ဒါေတြကိုလည္း ဆက္လက္စစ္ေဆးမွာျဖစ္ပါတယ္။ က်န္းမာေရးအေျခအေနေကာင္းပါတယ္။ က်ေနာ္တို႔ ထိန္းသိမ္းထားတဲ့ အရင္ေနရာမွာပဲ ရွိေနပါတယ္။”

ဒီေန႔ ဆုံးျဖတ္တဲ့အမႈကေတာ့ ယခင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီ ကေန အေမရိကန္ ေဒၚလာ ၆ သိန္းနဲ႔ ေ႐ႊ ၇ ပိႆာကို ၃ ခါ ခြဲယူခဲ့တယ္လို႔ စြပ္စြဲထားတဲ့အမႈ ျဖစ္ပါတယ္။ ဒီအမႈဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပ‌ေဒ ပုဒ္မ ၅၅ အရ စြဲဆိုခံရတဲ့အမႈလည္းျဖစ္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္စုံစမ္းေရးအရာရွိတဦးက တရားလိုအျဖစ္တိုင္တန္းတဲ့အမႈလည္း ျဖစ္ပါတယ္။ စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီအမႈအပါအဝင္ အဂတိအမႈေပါင္း ၁၀ မႈေက်ာ္နဲ႔ တရားစြဲဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အဂတိအမႈ ၁၀ မႈေက်ာ္အျပင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ အက္ဥပေဒခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ အပါအဝင္ ပုဒ္မအမ်ားအျပားနဲ႔ တရားစြဲဆိုခံထားရပါတယ္။ အခုအမႈကို မေန႔တုန္းက အၿပီးသတ္အမိန႔္ခ်ဖို႔အတြက္ တရား႐ုံးက ရက္ခ်ိန္းေပးခဲ့ေပမယ့္၊ ေ႐ြ႕ဆိုင္းခဲ့ၿပီးမွ ဒီကေန႔ အခုလို အမိန႔္ခ်လိုက္တာပါ။ ဒီကေန႔ တရားခြင္မွာ
ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ရွိေနၿပီး အခုအမႈတရားစီရင္မႈအတြက္ မေက်မနပ္ျဖစ္ေနတယ္လို႔ တရားခြင္နဲ႔နီးစပ္သူေတြက ေျပာပါတယ္။

အမႈနဲ႔ပတ္သတ္လို႔ အျပစ္ရွိေၾကာင္း အမိန႔္ခ်မွတ္ခဲ့ရင္ အထက္တရား ႐ုံးေတြဆီ အဆင့္ဆင့္ အယူခံဝင္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြဘက္ကေျပာဆိုထားတယ္လို႔ သူတို႔နဲ႔ နီးစပ္သူ ေတြကေျပာပါတယ္။

ဒီအမႈမွာ ေဒၚေအာင္ဆန္းစုၾကည္လက္ခံယူတယ္ဆိုတဲ့ ေဒၚလာနဲ႔ေ႐ႊေတြဟာ ေဒၚေအာင္ဆန္းစုၾကည္လက္ဝယ္နဲ႔ အိမ္မွာ သိမ္းဆည္းရမိတာမဟုတ္တာ၊ စြဲဆိုခ်က္ဟာ ဥပေဒေၾကာင္းနဲ႔မညီၫြတ္တာေတြကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ေထာက္ျပခဲ့ပါတယ္။ ဒါ့အျပင္ စြဲဆိုခံရမႈအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ လႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ပဲ ရွိၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ကို စြပ္စြဲျပစ္တင္မယ္ဆိုရင္ လက္ရွိ ရွိေနတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ခြင့္ျပဳခ်က္ယူရမယ္ဆိုတဲ့အခ်က္ကိုလည္း ေရွ႕ေနေတြက ေထာက္ျပခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းယူထားေပမယ့္ ဦးတီခြန္ျမတ္ကို ျပည္ေထာင္စုလႊတ္ေတာ္ဥကၠ႒အျဖစ္ ေနရာေပးထားတာဟာ လႊတ္ေတာ္အသက္ဝင္ေနတုန္းပဲဆိုတာကို ေရွ႕ေနေတြဘက္က ရည္ၫႊန္းတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကလည္း ဒီလို အဂတိအမႈေတြဟာ မဟုတ္မမွန္စြပ္စြဲတာျဖစ္ၿပီး သူမွာအျပစ္မရွိဘူးလို႔ တရား႐ုံးကို ေခ်ပခဲ့ပါတယ္။ အမႈနဲ႔ပတ္သက္လို႔ တရား႐ုံး ကို သတင္းေထာက္ေတြ လာခြင့္မရွိသလို ေရွ႕ေနေတြကိုလည္း အမႈအေၾကာင္း မေျပာဆိုရလို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။

စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး ဒီကေန႔အမႈအပါအဝင္ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားပါတယ္။

#AungSanSuuKyi #MyanmarMilitaryCoup #VOABurm #ေဒၚေအာင္ဆန္းစုၾကည္ #အဂတိမႈ #ၿဖိဳးမင္းသိန္း #ဗီြအိုေအ

==================

[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၅ နှစ်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့ အဂတိစွပ်စွဲချက်အမှုအတွက် နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေ ယူခဲ့တယ်ဆိုတဲ့ အဂတိမှုစွဲချက်အတွက် အပြီးသတ်အမိန့်ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ နေပြည်တော်တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာပါ။ ဒီအမှုမှာ ဦးဖြိုးမင်းသိန်းကိုယ်တိုင် တရားရုံးမှာ တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ထပ် အဂတိမှုစွဲချက်တွေအတွက် တရားရုံးမှာ ထပ်မံရင်ဆိုင်ရဖို့ရှိသေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း ဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူမှု ပေါ့။ အဲဒ့ါနဲ့ပတ်သက်ပြီးအမှုစစ်ဆေးပါတယ်။ အမှုပေါ်ပေါက်တဲ့အတွက်ကြောင့်မို့ အဂတိတိုက်စားမှု နဲ့ တခြားဆက်စပ်ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ချမှတ်ပါတယ်။ ကျန်တဲ့အမှုတွေဆက်စစ်ပါမယ်။ အဂတိလိုက်စားမှုနဲ့ပတ်သက်တာတွေ ရှိသေးတယ်။ နောက် အဆောက်အဦးတွေ မြေတွေနဲ့ပတ်သတ်တာ တွေရှိသေးတယ်။ ဒါတွေကိုလည်း ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ အရင်နေရာမှာပဲ ရှိနေပါတယ်။”

ဒီနေ့ ဆုံးဖြတ်တဲ့အမှုကတော့ ယခင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆီ ကနေ အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာကို ၃ ခါ ခွဲယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့အမှုလည်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းရေးအရာရှိတဦးက တရားလိုအဖြစ်တိုင်တန်းတဲ့အမှုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုအပါအဝင် အဂတိအမှုပေါင်း ၁၀ မှုကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဂတိအမှု ၁၀ မှုကျော်အပြင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေချိုးဖောက်မှု၊ သဘာဝကပ်ဘေး ဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုအပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုခံထားရပါတယ်။ အခုအမှုကို မနေ့တုန်းက အပြီးသတ်အမိန့်ချဖို့အတွက် တရားရုံးက ရက်ချိန်းပေးခဲ့ပေမယ့် ရွေ့ဆိုင်းခဲ့ပြီးမှ ဒီကနေ့ အခုလို အမိန့်ချလိုက်တာပါ။ ဒီကနေ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရှိပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေဖြစ်သူတွေ သီးခြားတွေ့ဆုံခွင့်မရခဲ့ပါဘူး။ အမှုနဲ့ပတ်သက်လို့ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ရင် အထက်တရား ရုံးတွေဆီ အဆင့်ဆင့် အယူ ခံဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကပြောဆိုထားတယ်လို့ သူတို့နဲ့ နီးစပ်သူ တွေကပြောပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်လက်ခံယူတယ်ဆိုတဲ့ ဒေါ်လာနဲ့ရွှေတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ဝယ်နဲ့ အိမ်မှာ သိမ်းဆည်းရမိတာမဟုတ်တာ၊ စွဲဆိုချက်ဟာ ဥပဒေကြောင်းနဲ့မညီညွတ်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် စွဲဆိုခံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ပဲ ရှိပြီး လွှတ်တော်ကိုယ်စားလှယ်ကို စွပ်စွဲပြစ်တင်မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော် ခွင့်ပြုချက်ယူရမယ်ဆိုတဲ့အချက်ကိုလည်း ရှေ့နေတွေထောက်ပြခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းယူထားပေမယ့် ဦးတီခွန်မြတ်ကို ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌအဖြစ် နေရာပေးထားတာဟာ လွှတ်တော်အသက်ဝင်နေတုန်းပဲဆိုတာကို ရှေ့နေတွေဖက်က ရည်ညွှန်းတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလို အဂတိအမှုတွေဟာ မဟုတ်မမှန်စွပ်စွဲတာဖြစ်ပြီး သူ့မှာအပြစ်မရှိဘူးလို့ တရားရုံးကို ချေပခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့တရားရုံးကို သတင်းထောက်တွေ လာခွင့်မရှိသလို ရှေ့နေတွေကိုလည်း အမှုအကြောင်း မပြောဆိုရလို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ဒီကနေ့အမှုအပါအဝင် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

==================

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိအမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့အဂတိ စွပ်စွဲချက်အမှုအတွက် နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေ ယူခဲ့တယ်ဆိုတဲ့ အဂတိမှုစွဲချက်အတွက် အပြီးသတ်အမိန့်ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ နေပြည်တော်တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာပါ။ ဒီအမှုမှာ ဦးဖြိုးမင်းသိန်းကိုယ်တိုင် တရားရုံးမှာ တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ထပ် အဂတိမှုစွဲချက်တွေအတွက် တရားရုံးမှာ ထပ်မံရင်ဆိုင်ရဖို့ရှိသေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူမှုပေါ့။ အဲဒ့ါနဲ့ပတ်သက်ပြီး အမှုစစ်ဆေးပါတယ်။ အမှုပေါ်ပေါက်တဲ့အတွက်ကြောင့်မို့ အဂတိတိုက်စားမှုနဲ့ တခြားဆက်စပ်ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ချမှတ်ပါတယ်။ ကျန်တဲ့အမှုတွေဆက်စစ်ပါမယ်။ အဂတိလိုက် စားမှုနဲ့ပတ်သက်တာတွေရှိသေးတယ်။ နောက် အဆောက်အဦးတွေ၊မြေတွေနဲ့ပတ်သက်တာတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ အရင်နေရာမှာပဲ ရှိနေပါတယ်။”

ဒီနေ့ ဆုံးဖြတ်တဲ့အမှုကတော့ ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ ကနေ အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာကို ၃ ခါ ခွဲယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့အမှုလည်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်စုံစမ်းရေးအရာရှိတဦးက တရားလိုအဖြစ်တိုင်တန်းတဲ့အမှုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုအပါအဝင် အဂတိအမှုပေါင်း ၁၀ မှုကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဂတိအမှု ၁၀ မှုကျော်အပြင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု အပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုခံထားရပါတယ်။ အခုအမှုကို မနေ့တုန်းက အပြီးသတ်အမိန့်ချဖို့အတွက် တရားရုံးက ရက်ချိန်းပေးခဲ့ပေမယ့်၊ ရွေ့ဆိုင်းခဲ့ပြီးမှ ဒီကနေ့ အခုလို အမိန့်ချလိုက်တာပါ။ ဒီကနေ့ တရားခွင်မှာ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရှိနေပြီး အခုအမှုတရားစီရင်မှုအတွက် မကျေမနပ်ဖြစ်နေတယ်လို့ တရားခွင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အမှုနဲ့ပတ်သတ်လို့ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ရင် အထက်တရား ရုံးတွေဆီ အဆင့်ဆင့် အယူခံဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်ကပြောဆိုထားတယ်လို့ သူတို့နဲ့ နီးစပ်သူ တွေကပြောပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်လက်ခံယူတယ်ဆိုတဲ့ ဒေါ်လာနဲ့ရွှေတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ဝယ်နဲ့ အိမ်မှာ သိမ်းဆည်းရမိတာမဟုတ်တာ၊ စွဲဆိုချက်ဟာ ဥပဒေကြောင်းနဲ့မညီညွတ်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် စွဲဆိုခံရမှုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ပဲ ရှိပြီး လွှတ်တော်ကိုယ်စားလှယ်ကို စွပ်စွဲပြစ်တင်မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော် ခွင့်ပြုချက်ယူရမယ်ဆိုတဲ့အချက်ကိုလည်း ရှေ့နေတွေက ထောက်ပြခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းယူထားပေမယ့် ဦးတီခွန်မြတ်ကို ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌအဖြစ် နေရာပေးထားတာဟာ လွှတ်တော်အသက်ဝင်နေတုန်းပဲဆိုတာကို ရှေ့နေတွေဘက်က ရည်ညွှန်းတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလို အဂတိအမှုတွေဟာ မဟုတ်မမှန်စွပ်စွဲတာဖြစ်ပြီး သူမှာအပြစ်မရှိဘူးလို့ တရားရုံးကို ချေပခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့ တရားရုံး ကို သတင်းထောက်တွေ လာခွင့်မရှိသလို ရှေ့နေတွေကိုလည်း အမှုအကြောင်း မပြောဆိုရလို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ဒီကနေ့အမှုအပါအဝင် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

XS
SM
MD
LG