သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး ယူကရိန်းကို ရုတ်တရက်သွားရောက်


ပိုလန်နိုင်ငံကတဆင့် ယူကရိန်းနိုင်ငံ Kyiv မြို့ကို ရထားနဲ့ရောက်ရှိလာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (အောက်တိုဘာ ၂၁၊ ၂၀၂၄)
ပိုလန်နိုင်ငံကတဆင့် ယူကရိန်းနိုင်ငံ Kyiv မြို့ကို ရထားနဲ့ရောက်ရှိလာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin (အောက်တိုဘာ ၂၁၊ ၂၀၂၄)

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အပြင် ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Kyiv မြို့ကို သွားရာက်တာပါ။ ဝန်ကြီး Austin ဟာ Kyiv မြို့မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ယူကရိန်းတပ်တွေ လိုအပ်တဲ့ အထောက်အပံ့တွေကိုပေးအပ်သွားဖို့နဲ့ ယူကရိန်းရဲ့ ကြံ့ကြံ့ခံစစ်စွမ်းရည်နဲ့ အမေရိကန်ရဲ့ ကတိကဝတ်တွေအပြင် အမေရိကန်လုံခြုံရေး ယူကရိန်းစစ်ပွဲရဲ့ အရေးပါပုံတွေကို ပြောဆိုမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။

အမေရိကန်က ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ လက်နက်ကြီးတွေ အပါအဝင် ဒေါ်လာ ၄၂၅ သန်းဖိုး အထောက်အပံ့အသစ်တွေပေးအပ်သွားဖို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ဝန်ကြီး Austin ယူကရိန်းကို သွားရောက်တာပါ။ တချိန်ထဲမှာပဲ ဒီကနေ့ မြို့တော် Kyiv မှာ ရုရှားဒရုန်းနဲ့တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၁ ဦးဒဏ်ရာရခဲ့သလို ကြားဖြတ်ပစ်ချခဲ့တဲ့ ရုရှားဒရုန်း တဒါဇင်လောက်ရှိပြီး အပျက်အစီးတွေကြောင့် လူနေအိမ်အဆောက်အအုံတော်တော်များများ ထိခိုက်ပျက်စီးခဲ့တယ်လို့ Kyiv မြို့တော်ဝန် Vitali Klitschko က တယ်လီဂရမ်စာမျက်နှာမှာရေးပါတယ်။

ယူကရိန်းတောင်ပိုင်း Mykolaiv ဒေသမှာလည်း ညပိုင်းတိုက်ခိုက်ခဲ့တဲ့ ရုရှားဒရုန်း ၃ စင်းကို လေကြောင်းရန်ကာကွယ်ရေးကပစ်ချခဲ့တယ်လို့ အုပ်ချူပ်ရေးမှုးက တယ်လီဂရမ်မှာရေးပါတယ်။ အလားတူပဲ Rostov ၊ Bryansk Kursk နဲ့ Oryol ဒေသတွေမှာ တနင်္လာညပိုင်း ယူကရိန်း ဒရုန်း ၁၈ စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ယူကရိန်းကို ရုတ်တရက်သွားရောက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG